အပိုင်း ၂၀

9.2K 839 80
                                    

Unicode

သစ်သားအိမ်လေးထဲ သူစိမ်းလူငယ်လေးယောက် မျက်နှာချင်းဆိုင်ကာ စကားဘောင်ဖွဲ့နေကြသည်။

ထိုထဲမှ အာဏာအရှိဆုံးဟုထင်ရသော ပါးချိုင့်နက်လူသားမှ။

" ဒါဆို မင်းတို့ကလမ်းလွဲပြီး ဒီကိုရောက်လာတာပေါ့ ''

" ဟုတ်ပါတယ် ''

ဂျီမင်းမှပြန်ဖြေ၍ ဂျီမင်းကပဲထိုသို့မေးလိုက်သည်။

" ဟိုလေ... စိတ်မရှိပါနဲ့ အား!ဆိုတဲ့အသံက ဒီအိမ်ထဲကထွက်လာတာလား? ''

" ဟုတ်တယ် ဒီအိမ်ကထွက်လာတာ ''

ထပ်သိချင်နေကြသည့် သူစိမ်းလူငယ်နှစ်ယောက်ကြောင့် ပါးချိုင့်နက်ပိုင်ရှင်မှ ချိုင့်နေအောင်ပြုံးကာ အကျိုးအကြောင်းရှင်းပြလေသည်။

" ဒီလိုမျိုးလေ ငါတို့နှစ်ယောက်က တောထဲမှာ ထင်းသွားခုတ်တယ်ကွာ... ။ အဲ့ဒါငါကဓားကိုင်လိုက်တာ ဓားကလက်ကိုင်ကနေ ပြုတ်ထွက်လာပြီးတော့ သူ့လက်ပေါ်ပြုတ်ကျတာပဲ ''

" လက်ပြတ်မလိုဖြစ်သွားတယ်ဆိုတာလည်း ထည့်ပြောပါဦး ဖျက်ဆီးရေးတာဝန်ခံဥက္ကဋ္ဌရဲ့ ''

" ဟဲ အဲ့လိုဖြစ်သွားတော့ ဆေးထည့်ရတာပေါ့ ဆေးလည်းထည့်ပါလေရော သူကပြဲလန်အောင် အော်ပါလေရော ''

" အဲ့ဒါ မင်းလုပ်လို့လေ ဖျက်ဆီးရေးတာဝန်ခံအထူးအရာရှိရဲ့ ''

" ချစ်ကလည်းကွာ ကိုယ့်ကိုအဲ့လိုမခေါ်ပါနဲ့ ''

" ခေါ်မှာပဲ ဟွင့် ''

သာမာန်ထက်ပိုပြီး နီးကပ်၊ ပူးကပ်၊ အခေါ်အဝေါ်တွေ၊ အပြုအမူတွေ ပိုနေသောကြောင့် bro zoneထက်ပိုတယ်ဆိုတာ ဂျောင်ကုတိတ်တဆိတ်သိပြီးနေလေပြီ။

" ဘာလို့ ရွာထဲမှာမနေတာလဲဟင်? "

ဂျောင်ကုမှ မေးခွန်းထုတ်လေသည်။

" ရွာထဲကလူတွေက ရှေးရိုးစွဲကြတယ်။ ငါတို့နှစ်ယောက်အတူတူနေကြတာကို သိပ်သဘောမတွေ့ကြဘူး။ ငါတို့လည်း ကျောပူသာခံမယ်၊ နားပူမခံနိုင်သူမို့ ရွာပြင်မှာလာနေတာ ''

" အစ်ကိုတို့နှစ်ယောက်အတူနေတာ ဘာလို့သဘောမတွေ့ကြတာလဲဟင်? "

𝗕𝗮𝗱 𝗕𝗼𝘆'𝘀 𝗧𝗲𝗮𝗰𝗵𝗲𝗿 (Complete) Donde viven las historias. Descúbrelo ahora