Boss Song & his baby

769 65 17
                                    

Unicode

ပတ်ဝန်းကျင်တစ်ခုလုံး ကားသံ၊ လူသံ
တွေနဲ့ ကျွတ်ကျွတ်ညံအောင် ဆူညံ
လျှက်ရှိ၏။

ရုံးဆင်းချိန်ဖြစ်တာရော ညစျေးလျှောက်တဲ့ လူတွေရောကြောင့် ပလက်
ဖောင်းပေါ်မှာ လူက အရှုပ်သား။

လူအုပ်ထဲ တိုးဝှေ့လမ်းလျှောက်ရတာကို မနှစ်သက်တဲ့ ကျိရန်အဖို့ လူပေါင်းစုံ အနံ့ပေါင်းစုံနဲ့မို့ စိတ်ရှုတ်စရာကောင်းလွန်းနေသည်။

သို့ပေမဲ့ အခုအချိန်မှာ ကျိရန်တစ်ယောက် အဲ့ဒါတွေကို အာရုံမထားနိုင်သေး။

မျက်စိရှေ့မလှမ်းမကမ်းမှာ ဆောင့်ကြီး
အောင့်ကြီးနဲ့ လမ်းလျှောက်နေတဲ့ က
လေးပေါက်ဆီကိုသာ အာရုံအပြည့်အဝ ထားထားရ၏။

ဒီကလေးပေါက်က သူ့အား စိတ်
ကောက်နေသည်မှာ ၃နာရီနဲ့ ၂၃မိနစ်ရှိပြီဖြစ်သည်။ဟော..အခုပြောနေရင်းနဲ့ တစ်မိနစ်ကျော်သွားပြီ။အဲ့တော့ ဒီကလေး သူ့ကို စိတ်ကောက်နေတာ ၃နာရီနဲ့ ၂၄မိနစ်။

"ရွှမ်းအာ..အရမ်းအမြန်မလျှောက်နဲ့လေ..ကားဆီအရင်သွားရအောင်..နော်"

လှည့်ကြည့်ပြီးအရေးလုပ်လိမ့်မည်မဟုတ်မှန်းသိသော်ငြား ကျိရန်အော်ပြောလိုက်မိသည်။

အရှေ့က ကလေးပေါက်က အရုပ်တွေချရောင်းနေတဲ့နေရာကိုရောက်တော့ ခြေစုံရပ်ချပြီး ပိုကီမွန်အရုပ်အကြီးကြီးဆီ ဆိုက်ကြည့်နေ၏။

ကျိရန် ဒက်ခနဲနားလည်လိုက်ပြီ။

"ဒီပိုကီမွန်ရုပ်က ဘယ်လောက်လဲ"

"ဒီအကြီးလား..38000ပါ"

ကျိရန်အရုပ်ဝယ်ခြင်းအမှုပြီးဆုံးတော့ ကလေးပေါက်က ခြေဆောင့်ကာ ဆက်လျှောက်ပြန်၏။

ကျိရန်ကလက်ထဲ ငါးခုမြောက်ထပ်တိုး
လာတဲ့ အရုပ်ကြီးကိုပိုက်ရင်း ဒီအသက်
အရွယ်ကျမှကလေးပေါက်တစ်ယောက်နောက်ကို ပစ္စည်းတစ်ပုံတစ်ပင်ပိုက်ရင်း လိုက်ရသည့်အဖြစ်အား တွေးကာ ရင်ထုမနာဖြစ်မိလေသည်။

"ရွှမ်းအာ...ဦးတို့ပြန်ရအောင်ကွာ"

"မပြန်ဘူး..ဦးက ကျွန်တော့်စကားနား
မထောင်ဘူး..စိတ်တိုတယ်..တစ်ညလုံး
ဆက်လျှောက်မှာ"

Boss Song & his baby (completed)Where stories live. Discover now