ဧကရာဇ်ရဲ့အချစ်တော်(Part-12)ဧကရာဇ္ရဲ့အခ်စ္ေတာ္

8.4K 603 34
                                    

ဝေ့ရင်းမနက်အိပ်ယာနိုးချိန် ဘေးကိုကြည့်လိုက်တော့ ဧကရာဇ်ကရှိမနေ။

"လုပ်ချင်တာလုပ်ပြီးငါ့ကို
တစ်ယောက်ထဲထားခဲ့တယ်။လူဆိုးကောင်.."

"ဝေ့ရင်း..နိုးပြီလား.."

"ဟင်..မင်းကိုပြန်သွားပြီထင်နေတာ.."

"မပြန်ပါဘူး။ဝေ့ရင်းအတွက် ဆန်ပြုတ်သွားလုပ်လာတာ..နာနေသေးလား"

ဧကရာဇ်၏စကားကြောင့် ဝေ့ရင်းမှာညကကိစ္စတွေခေါင်းထဲ အစီအရီပေါ်လာပြီး မျက်နှာလေးရဲသွားလေသည်။

"ဘာ..ဘာကိုနာရမှာလဲ.."

"အော်..ကိုယ့်ကြင်ယာ‌ေတာ်လေးက
ရှက်နေတာလား..ရှက်မနေပါနဲ့တော့၊ကိုယ်ကအကုန်မြင်ပြီးနေပြီ.."

"အားးလန်ကျန့်..!ဘာတွေလျှောက်ပြောနေတာလဲ..မင်းမရှက်ပေမဲ့ ငါရှက်တယ်.."

"ကဲပါ..လာ၊ကိုယ်ရေချိုးပေးမယ်.."

"ငါ့ဘာသာချိုးတတ်တယ်၊အာ့..!"

ဝေ့ရင်းတစ်ယောက်ကုတင်ပေါ်ကနေ ရုတ်တရပ်ဆင်းလိုက်တော့ ခန္ဓာကိုယ်အောက်ပိုင်းနာကျင်မှုကြောင့် ပုံလျက်သားလေးလဲကျသွားသွားရသည်။

"တွေ့လား..ကိုယ်လုပ်ပေးပါ့မယ်ပြောသားပဲ..
ခုတော့ဖြစ်ပြီ.."

ဧကရာဇ်လည်းပြောရင်းနဲ့ပဲဝေ့ရင်း ကိုပွေ့ချီကာရေချိုးဆောင်ဘက်
ကိုခေါ်သွားသည်။

"ငါ့ကိုလာမဆူနဲ့..အဲ့တာမင်းလုပ်လို့ဖြစ်ရတာ..
နောက်ခါငါ့အဆောင်လာမအိပ်နဲ့.."

"ဒါကိုယ်တော့်နန်းတော်ပဲ အဆောင်တွေကလည်း ကိုယ်တော်ပိုင်တယ်။ ကိုယ်အိပ်ချင်တဲ့နေရာ အိပ်မှာပေါ့.."

"မသိဘူး..နောက်ခါလာအိပ်ရင်၊ငါမင်းဆီကနေထွက်သွားလိုက်မှာ.."

"ဝေ့ရင်း..!!"

ဗွမ်းး..!!

"အဟွတ်..အဟွတ်.!မင်းဘာလုပ်တာလဲ.."

ရုတ်တစ်ရပ်ရေချိုးကန်ထဲပစ်ချလိုက်တာကြောင့် ဝေ့ရင်းမှာရေပင်မွမ်းသွားရသည်။

"နောက်ခါကိုယ့်ဆီကထွက်သွားမယ်
ပြောကြည့် အခုထပ်ပိုဆိုးသွားမယ်..
မင်းကိုယ့်ဆီကနေဘယ်ကိုမှထွက်မသွားရဘူး။ထွက်မသွားနိုင်အောင်လဲကိုယ်က
လုပ်ပစ်နိုင်တယ်.."

ဧကရာဇ်ရဲ့အချစ်တော်{U+Z}ဧကရာဇ်ရဲ့အချစ်တော်Donde viven las historias. Descúbrelo ahora