Unicode....
ကျတော်ငယ်ငယ်ထဲက အရမ်းချစ်ပီး အရမ်းခင်ရတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ် သူ့နာမည်က Bright Vachirawitတဲ့ ကျတော်ကတော့ Winmetawinပေါ့နော် ကျတော်တို့နှစ်ေယာက်လုံးရဲ့မိဘဆွေမျိုးအသိုင်းဝိုင်းတွေက အရမ်းကိုကြီးကြီးတက်ချမ်းသာကြတယ်ဗျ မိတ်ရင်းဆွေရင်းတွေလဲဖစ်တဲ့အပြင် စီးပွားရေးကိုပါ ဆက်တူ လုပ်ကိုင်ကြတယ်....
ကျတော်နဲ့ Brightကလဲ ငယ်ပေါင်းကြီးဖော်တွေဖစ်တဲ့အပြင် အခုတော့ သမီးရည်းစားတွေဖစ်သွားသည်မှာတော့ သိပ်မကြာသေးဘူးေပါ့လေ.....
အခုဆိုရင် သူနဲ့ကျတော့ရဲ့ 3months anniversaryနေ့လေးလေ.....
သူကကျတော့ကိုအရမ်းဂရုစိုက်တယ်ဗျ....ကျတော့်ရဲ့ ကိစ္စ အသေးမွှားလေးကအစ ဂရုတစိုက်ရှိရှာတယ် ကျတော်လဲသူ့ကိုအရမ်းချစ်သလို သူကလဲကျတော့ကိုအရမ်းချစ်တယ်....
ဟောပြောရင်းဆိုရင်းနဲ့ သူရောက်လာပီ.....
"ဘာတွေများ တစ်ယောက်ထဲ ရေရွတ်နေတာလဲ အချစ်ကလေး..."
"ဘာမှမရေရွတ်ပါဘူး ကိုကိုရယ် ကိုကိုနဲ့ ငယ်ငယ်ကအကြောင်းတွေပြန်တွေးနေတာ ဟီးး.."
"ငယ်ငယ်ကအကြောင်းတွေပြန်တွေးတယ်ဆိုတော့ ချစ်က ကိုကို့ ကို ချစ်သူလိုသဘောမထားချင်တော့ပဲ သူငယ်ချင်းလိုသဘောထားချင်နေတာလားဟမ်းးးး"
"ဟင် အဲ့လိုမဟုပါဘူးကိုကိုရယ် ဒီတိုင်းလေး သတိရလို့တွေးမိရုံပါ....ကိုကိုမကြိုက်ရင် နောက်မတွေးတော့ပါဘူး..."
"တော်ပီ ကိုကိုပြန်တော့မယ်...."
"ဟာကိုကိုကလဲ အဲ့လိုမလုပ်ပါနဲ့ ချစ်တို့ရဲ့ Anniversary နေ့လေးကိုတော့အလေးထားပေးပါကိုကိုရယ်နော် စိတ်မကောက်ပါနဲ့တော့..."
"အင်း ပီးတာပဲ Anni day မို့လို့နော် မဟုရင် ကိုကိုက အကြီးကြီးကောက်မှာ...."
"ဟုတ်ပါပီဗျာ နောက်မှအကြီးကြီးကောက်ပါ အခုတော့မှာထားတာလေးတွေ စားလိုက်ပါအုံး...."
*အဲ့တာပဲဗျ ကိုကိုက အရမ်းကလေးဆန်တယ် တစ်ခုခုဆို အဆိုးဖက်ကအရင်တွေးတယ် အချော့အရမ်းကြိုက်ပီးတော့ ကျတော့အပေါ်ဆိုးချင်တိုင်းဆိုးနေတာ ဒါပေမဲ့လဲ ကျတော်က သူဆိုးသမျှကို ချစ်လွန်းတော့လဲ အပြစ်မမြင်ပါဘူး...ပြန်ချော့ရင်းနဲ့ ကလေးထိန်းကြီးဖစ်လို့ပေါ့😅😅...တစ်ချက်တစ်ချက် ဘာမဟုတ်တာလေးနဲ့ သဝန်တိုလို့ရန်ဖစ်ရတာကလွဲရင် အရာအားလုံးကအဆင်ပြေပါတယ်...*
YOU ARE READING
✨မျဉ်းပြိုင်နှစ်ဖက်ကြားကချစ်ခြင်းတရား✨(BW one shot) (U+Z)