Chapter-1

9.3K 533 14
                                    

{Zawgyi}




အေးမြတဲ့​လေ​ပြေ​လေညင်း​တွေတိုက်​ခတ်​​နေတဲ့
နေ့လည်​ခင်းတွင်​နှင်းဆီပန်း​တွေဖူးပွင့်​​ဝေဆာ​နေတဲ့
ကျောင်းရဲ့ဥယျာဉ်​ထဲတွင်​​​အရပ်​ရှည်​ရှည်​​ကောင်​​လေးတစ်​​ယောက်​နဲ့အရပ်​ပုပု​ကောင်​​လေးတစ်​​ယောက်​ဟာမျက်​နှာချင်းဆိုင်​ရပ်​​နေကြသည်​။
အရပ်​ပုပု​ကောင်​​လေးဟာလှပတဲ့အနီ​ရောင်​မျက်​ဝန်းအစုံကိုပိုင်​ဆိုင်​ထားသလိုလူတိုင်းဟာ​ကျောင်းရဲ့​ကျောင်းသား/​ကျောင်းသူ​တွေကို​​သေချာသတိထားကြည့်​မယ်​ဆိုရင်​အများစုဟာမတူညီတဲ့လူမျိုးစု​တွေက​နေဆင်းသက်​လာတဲ့ငယ်​ရွယ်​တဲ့က​လေး​တွေဖြစ်​​နေတယ်​ဆိုတာ​တွေ့ရလိမ့်​မည်​။
အရပ်​ရှည်​ရှည်​နဲ့​ကောင်​​လေးက​တော့ပိန်​ပိန်​ပါးပါးနဲ့အရပ်​မြင့်​တဲ့သူဖြစ်​ပြီး​ချော​မောခန့်​ညားတဲ့ရုပ်​ရည်​ကိုလည်းပိုင်​ဆိုင်​ထား​ပေမယ့်​လည်းသူ့မျက်​နှာမှာ
စိတ်​မရှည်​မှုများကိုအထင်းသားမြင်​​နေရသည်​။




"ဖူ....ဖူအန်းလီ...ငါမင်းကိုသ​ဘောကျတယ်​"

ဟူးယွီဟာရှက်ရှက်နဲ့​​သူ့​ကျောင်းယူနီ​ဖောင်းကုတ်​ရဲ့အနားစ​တွေကိုလက်​ဖြင့်​လုံး​ချေရင်းထိုစကားကို​ပြောလိုက်​တာဖြစ်​သည်​။ဒါသူ့ရဲ့ပထမဆုံးဖွင့်ေ​ပြာတာ​တော့မဟုတ်​ပါဘူး။အထက်​တန်း​ကျောင်းတတ်​တဲ့
ပထမနှစ်​က​နေတတိယနှစ်​သုံးနှစ်​စလုံးသူမ​ရေမတွက်​နိုင်​​အောင်​ဖွင့်ေ​ပြာခဲ့ဖူးပါတယ်​။အဲ့ဒါ​တောင်
သူအခုထိကျင့်​သားမရ​သေးဘဲရှက်​​နေတုန်း။




ဖူအန်းလီဟာသူ့​ရှေ့မှာရပ်​​နေတဲ့ဆံပင်​​ကောက်​​ကောက်​နဲ့ဂျပု​လေးကိုကြည့်​လိုက်​ပြီး​အေးတိ​အေးစက်​နဲ့ညည်းညူလိုက်​သည်​။

"ငါထင်​လိုက်​တာမင်းငါ့ကိုတခြား​ပြောစရာရှိ​နေတယ်​လို့​ပေါ့......ငါမင်းဖွင့်ေ​ပြာတိုင်း​အကြိမ်​ကြိမ်​ငါငြင်းခဲ့ပြီးပြီ​လေ..ဒါ​တောင်​မင်းကလက်​မ​လျော့နိုင်​​သေးဘူး"



ဟူးယွီရဲ့လက်​​တွေဟာတဆက်​ဆက်​တုန်​ယင်​​နေရင်း

"ငါ....ငါ...ထင်​တာက....အချိန်အကြာကြီး​ငါမင်း​ကိုသ​ဘောကျ​နေမယ်​ဆိုရင်​....မင်း...မင်းငါ့ကိုပြန်​ကြိုက်​​အောင်​လုပ်​နိုင်​မယ်​လို့ထင်​ခဲ့တာ"


The Fox's Heat{ Myanmar Translation}Nơi câu chuyện tồn tại. Hãy khám phá bây giờ