Chapter 25.2(End)

4K 667 30
                                    

Unicode




MengQuရဲ့အလုပ်ရှာတဲ့ကိစ္စကလည်းအဆင်မပြေခဲ့ဘူး။သောကြာနေ့ကျတော့သူ့အိမ်ကဖုန်းဆက်လာပြီးနယ်ဝေးကဆွေမျိုးတွေရောက်နေလို့MengQuကိုတွေ့ချင်နေကြတယ်ဟုဆိုလာသောကြောင့်သူပြန်ဖို့ဘဲတတ်နိုင်တော့တယ်။

XiaoDanနဲ့တိုင်ပင်ကြည့်တော့XiaoDanကလည်းလက်တလောအလုပ်ရှာဖို့စိတ်မပါတာကြောင့်အိမ်ဘဲပြန်တော့မည်ဟုပြောသည်။
XiaoDanကMengQuအိမ်ရောက်ရင်သူ့မိဘတွေကိုလည်းအလုပ်ရှာဖို့အကူညီတောင်းကြည့်ခိုင်းလိုက်တယ်။MengQuမိဘတွေကလည်းသူတို့သားလေးကိုဒီလိုဖြစ်စေချင်နေတာကြာပီဆိုတော့။

MengQuအစကတရုတ်နှစ်သစ်ကူးပွဲမှာXiaoDanကိုသူ့အိမ်ကိုခေါ်သွားဖို့စီစဉ်ထားပေမဲ့XiaoDanအဆင်သင့်မဖြစ်သေးမည်စိုးတာကြောင့်လက်လျော့လိုက်ရသည်။ထို့နောက်သူတို့နှစ်ယောက်လုံးအတွက်ကားလက်မှတ်ကိုဖုန်းဆက်ပြီးမှာလိုက်တယ်။

နောက်နေ့မနက်........

XiaoDanလူအုပ်ကြားထဲကပျောက်သွားသည်အထိကြည့်ရင်းသူဒီထက်အလုပ်ပိုကြိုးစားပြီးXiaoDanကိုအမြန်ဆုံးလက်ထပ်နိုင်ရမယ်လို့MengQuကိုယ့်ကိုယ်ကိုကတိပေးလိုက်တယ်။

MengQuအိမ်ပြန်ရောက်တာနဲ့ChengYangကိုချက်ချင်းစာပို့တော့ChengYangကသူတို့နှစ်ယောက်ကိုကားဂိတ်ထိတောင်မလိုက်ပို့လိုက်ရလို့အားနာနေတယ်။နောက်တစ်ခါလာရင်သေချာပေါက်သူ့ကိုကြိုပြောပြီးအိမ်မှာဘဲတည်းဖို့မှာလိုက်တယ်။

"အကို စိတ်မပူနဲ့နော် ကျွန်တော်အကိုတို့အကြောင်းကိုမပြောဘူး"

"အင်းပါ ကျေးဇူးဘဲ"

"အကိုကျွန်တော့်ကိုစိတ်မဆိုးဘူးလား?"

အဲ့ဒီနေ့ကသူဟိုတယ်ကိုပြန်ရောက်တော့အကိုYangနဲ့တစ်ဖက်လူကိုခွဲဖို့လုပ်ခဲ့တာကိုပြန်တွေးပြီးအပြစ်ရှိသလိုခံစားနေမိတာ.....

"မင်းအကို့ကို ဂရုစိုက်လို့ဆိုတာ အကိုသိပါတယ်"

ChengYangတရုတ်နှစ်သစ်ကူးမှာပြန်လာမှာလားလို့MengQuမေးကြည့်လိုက်တယ်။

"အကိုက ဘယ်ချိန်ပြန်လာမှာလဲ?"

"Live broadcast platformကဆုပေးပွဲသွားစရာရှိသေးလို့ အဲ့တာပြီးမှ ပြန်လာဖြစ်မယ်ထင်တယ်"

His son has a richest billionaires dad(Myanmar Translation)Where stories live. Discover now