"ကျတော့်ကိုယ်ရံတော် "
Unicode
xiao company ရဲ့ တစ်ဦးတည်းသော သားဖြစ်တဲ့ xiaozhan ဟာ England မှ ပြန်လာခဲ့သည်။ အိမ်ရောက်ပီး နှစ်ရက်အကြာ သူထိုင်ပီး ဖုန်းကြည့်နေစဥ်
"သား ခုလိုပဲ နေတော့မှာလား "
"သားနေတာ မလုံလို့လား "
"မင်းမနောက်တော့နဲ့ မင်းအသက်လဲ သုံး ဆယ် ထဲရောက်ပီ အရာရာကိုပေါ့ပေါ့တွေးတုန်းပဲလား "
"ပါးကလဲ ဗျာ "
"ပါးကလဲဗျာ လုပ်မနေနဲ့တော့ မင်းမားဆုံးကတည်း စိတ်
ထိခိုက်မှာဆိုးလို့ ဘာမှမပြောပဲနေနေတာ နော် ""အာ့ဆိုသားက ဘာလုပ်ရမှာလဲ "
"မင်း company ကိုဦးစီးတော့ "
"ဗျာ ဘုတ် "
ဘုတ်ဆိုတာကတော့ ထိုစကားကြောင့် လက်ထဲက ဖုန်းလွတ်ကျသံပါ။ ပြန်ကောက်ပီး
"ပါး နေကောင်းတယ် နော်"
"ဘာလို့လဲ မင်းက ငါ့ကိုရူးနေတယ် ထင်နေတာ မလား "
"ပါးရယ် ဆေးသောက်ပါ။ "
"ဟေ့ကောင် xiao zhan မင်းစကား လမ်းမလွှဲနဲ့ "
"ပါးတကယ်ပြောတာလား"
"ငါကမင်းကိုနောက်စရာလား "
"ပါးရယ် သားက ဒီဇိုင်နာပါ ပုံပဲ ဆွဲတတ်တာလေ "
"အေ ငါ့company ကို မင်းဆွဲဖို့ ပိတ်ကားမှတ်လိုက်
အလုပ်သမားတွေကို ဆွဲတံလေး အဖြစ်ထားလိုက်။
မင်းအရည်အချင်းကို ဆေးရည်အဖြစ်မှတ်လိုက်
လှအောင်ဆွဲဖို့ မင်းအလုပ်ပဲလေ""ပါး မတူဘူးနော် ဒီဇိုင်း က မှားရင်ပြင်လို့ရတယ်
အလုပ်က မှာရင်မရဘူးနော်""အဲ့ဒါပဲ လေ မမှားအောင်လုပ်ရမှာ မင်းတာဝန်လေ"
"မလုပ်ဘူးပါး "
"မင်းလုပ်ရမယ် "
"မ. လုပ် ဘူး "
"လုပ် ကို လုပ် ရ မယ် "
ဒီလိုနဲ့ သားအဖနှစ်ယောက် ငြင်းသော်လည်းနောက်ဆုံး
သူ့အဖေ ရှောင်အိုက်စ် က တရားဝင်နူတ်ထွက်ပီး သူ့ကို
လွှဲပေးကာ xiao zhan လုပ်ရတော့သည်။ စိတ်ဆိုး၍ သူ့ပါး ကိုမခေါ်ပေ။ သူရုံးခန်းထဲ ထိုင်ပီး ဂိမ်းဆော့နေစဥ်
သူ့အတွင်းရေမှုး ဝင်လာကာ စာရင်းဖိုင်ကိုပြကာ
YOU ARE READING
𝑴𝒚 𝑩𝒐𝒚𝒈𝒖𝒂𝒓𝒅 ❣(completed)
FanfictionXiaozhan ကိုယ်ရံတော် ကို ချစ်မိပီး ပြန်ကာကွယ်ပေးချင်နေမိမယ်လို့ ငါမထင်ထားခဲ့ဘူး အချစ်က ဆန်းကြယ်တယ် Wang Yibo မတော်တဆ Boss ရဲ့ ကိုယ်ရံတော် ဖြစ်ခဲ့တယ် မတော်တဆ ပြန်ပီး အလုပ်ဖြုတ်မှာ ကြောက်နေမိတယ် ဒါက အချစ်ဆို သေချာတယ် အသက်ထက်အရေးပေးပီး Boss က...