<Unicode>
ရိပေါ်နဲ့ရှောင်းကျန့်ရောက်နေတာ ရိပေါ်အသက် ၁၈နှစ်ပြည့်အတွက် ပါပါးဝယ်ပေးထားတဲ့အိမ်လေး။ဝယ်ပေးထားတဲ့ Strawberry milk teaကို တပြွတ်ပြွတ်စုပ်ကာသောက်ရင်း ထိုင်နေတဲ့ရှောင်းကျန့်က ရိပေါ်ရဲ့ရင်နစ်သည်းချာအူကြူးလေး။
' ကိုယ့်ပါပါးနဲ့မာမားက ကျောင်းကိုတကူးတကလာတွေ့ပြီး ဘာတွေပြောသွားကြတာလဲ '
ဆိုဖာပေါ်ဘေးတစောင်းထိုင်လိုက်ရင်းမေးတော့ တချက်ငဲ့ကြည့်ပြီး milk teaဘူးကို ရှေ့က စားပွဲပေါ် ချထားလိုက်တယ်။
' စုံနေတာပဲ..ကျနော် recordingလုပ်
ဖို့တောင် cancelလုပ်လိုက်ရတယ် ကိုကိုက အဲဒါလည်းသိတာပဲလား '
' ယောက္ခမတွေ လာတွေ့သွားတယ်ဆိုတဲ့သတင်းက တစ်ကျောင်းလုံးသိနေမှတော့ ကိုယ်မသိပဲ နေပါ့မလား 'ရှောင်းကျန့်က ပါးနှစ်ဖက်ကို ဖောင်းထားလိုက်ရင်း ပခုံးကို စုံတွန့်လိုက်တယ်။လက်ညှိုးလေးနဲ့ ဖောင်းနေတဲ့ပါးကို အသာလေးလှမ်းတို့ကြည့်တော့ နုနုအိအိလေးနစ်ဝင်သွားတာက ထိလိုက်လို့ ပဲ့သွားမလားတောင်စိုးမိတယ်။
' ဘာသားနဲ့ ထုထားတာမို့လို့ မထိရက်မကိုင်ရက်လောက်အောင် နူးညံ့နေရတာလဲ '
ရိပေါ်ကို ကြည့်ပြီး ရှောင်းကျန့်က ဟီးခနဲတချက်ရယ်ပြတယ်။ဘာလုပ်လုပ် ချစ်ဖို့ကောင်းနေတာပဲ။
' တလောကလုံးရဲ့ ချစ်စရာကောင်းမှုတွေ တယောက်ထဲ အပိုင်သိမ်းထားရတာ မပင်ပန်းဘူးလား..ဟမ်..'
ရှောင်းကျန့်က ခေါင်းတဆတ်ဆတ်ခါပြတယ်။
' ဟင့်အင်း အဲတာကိုကို့အတွက် '
ပြောပြီး မျက်လုံးတွေမှိတ်ကျတဲ့အထိ ပြုံးပြနေတာက ဘယ်လိုလေးလဲ။ကိုယ်မင်းကို ချစ်ခွင့်ရတာ ကံကောင်းလိုက်တာ။ကိုယ့်လောက်ကံကောင်းတဲ့သူ ရှိအုံးမလား။မင်းက ကိုယ့်အတွက် ဘုရားပေးတဲ့ ဆုလာဒ်လေး။
' ကိုကို့ အနာဂတ် planတွေမှာ ကျနော်ပါလား '
ရိပေါ်ခေါင်းခါပြတော့ ချက်ချင်းညှိုးကျသွားတဲ့ မျက်နှာလေး။ဒီကလေး..စိတ်မကောင်းဖြစ်သွားပြန်ပြီ။
VOCÊ ESTÁ LENDO
Hăo Jiŭ Bù Jiàn(好久不见)(Completed )