အခန်း ၆။ ပန်းခင်းထဲမှသူခိုးလေး
သစ်ခက်၊ သစ်ရွက်တို့မှာ လှုပ်လီလှုပ်လဲ့ဖြင့် လေအသွေ့တွင် လွင့်မြူးနေကြသည်။ နေရောင်ခြည်တို့သည်လည်း လောကတစ်ခွင်ထံ အလင်းပေးလို့နေလျက်။
လွန်စွာလှပသည့် နှစ်ထပ်တိုက်အိမ်ကြီး၏ လေသာဆောင်ထက်မှာတော့ လူငယ်တစ်ယောက် ဖုန်းပြောလို့နေလေသည်။ သို့တည်းမဟုတ် အသက်အားဖြင့် နှစ်ပေါင်းထောင်ချီနေပါသော်ငြား အရွယ်တင်နုပျိုနေဆဲနတ်ဘုရားတစ်ပါးဟု ဆိုရမည်လား။
"costume အပိုင်းရော အဆင်ပြေလားဟုတ်ပြီ အဲဒါဆိုသတ်မှတ်ထားတဲ့လအတွင်း ရိုက်ကူးရေးစနိုင်အောင် အားလုံးအသင့်လုပ်ထားလိုက်တော့"
ရိပေါ်ကဖုန်းပြောပြီးနောက် အခန်းထဲသု့ိ ပြန်၀င်လာပြီး ဖုန်းကိုကြည့်ရင်း ပခုံးလေးများပင် တသိမ့်သိမ့်တုန်အောင်ရယ်မောနေသောရှောင်းကျန့်ကိုမြင်လိုက်ရသည်။
"ဘာတွေကြည့်ပြီးရယ်နေတာလဲ"
"ရှိုးပွဲတုန်းကပုံတွေလေ ေ၀ပေါ်မှာ တက်လာလို့ကြည့်နေတာ ဟားဟား"
ရှောင်းကျန့်ကရယ်မောနေရင်း ဖုန်းကိုသူမြင်အောင်ပြသည်မို့ ရိပေါ်လည်း အနားတိုးသွားကာကြည့်မိတော့ တခြားသူမဟုတ်ဘဲ သူ့ပုံဖြစ်နေသည်။
သို့မဟုတ် ငိုချတော့မတတ် ၀မ်းနည်းနေသည့် သူဟုဆိုလျှင် ပိုမှန်လေမလား။ ခပ်၀ဲ၀ဲမျက်ရည်တို့ဖြင့်ပြည့်နေသော မျက်လုံးအစုံဖြင့်သာ။
"တော်တော်ရယ်ရတယ်ပေါ့လေ"
အံကြိတ်သံဖြင့်ပြောလိုက်သော်လည်း ရှောင်းကျန့်ကတော့ မဖြုံပါချေ။ ရယ်နေမြဲ၊ ရယ်နေဆဲသာ။
[comment 1 - ရိပေါ်ကောကော မျက်နှာမကောင်းပါလား]
[comment 2 - ရင်ချွမ်းဟွားရဲ့၀တ်စုံတွေနဲ့ ဒီညကျန့်ကျန့် တအားခန့်နေတာပဲ အား....]
[comment 3 - ရိပေါ်မျက်နှာငယ်လေးနဲ့ ကျန့်ကောဆူထားတာထင်တယ်]
[comment 4 - ရိပေါ်ဘာသာတခြားအကြောင်းနဲ့စိတ်မပျော်တာလည်းဖြစ်နိုင်တာကို နင်တို့လျှောက်ဆွဲတွေးနေကြတာရပ်ကြစမ်း]
ВЫ ЧИТАЕТЕ
မက်မွန်ပွင့်တို့သက်သေတည်၍ (season 2/COMPLETE)
ФанфикဒီBook က ယခင်"မက်မွန်ပွင့်တို့သက်သေတည်၍"ရဲ့ Volume 2 ဖြစ်ပါတယ်။ ယခင်fictionမှာတုန်းကနှစ်ယောက်သား ပြန်လည်ဆုံစည်းခဲ့ကြပြီိတော့ ဒီမှာ ဘယ်လိုတွေ အတိုးချချစ်ကြ၊ rs စာကျွေးကြ၊ roကြ၊ sweet ကြမလဲဆိုတာတော့ စောင့်မျှော်ဖတ်ရှုပေးပါဥ...