အခန်း ၇။ မက်​မွန်​ပွင့်​တို့သက်​​သေတည်​၍(သို့)ခိုင်​မြဲ​သောသစ္စာ

278 24 2
                                    

အခန်း ၇။ မက်​မွန်​ပွင့်​တို့သက်​​သေတည်​၍(သို့)ခိုင်​မြဲ​သောသစ္စာ

ရက်​အတန်​ကြာ​အောင်​ အတူတကွ​လေ့ကျင့်​ကြပြီး​နောက်​မှာ​တော့ အချင်းချင်းချစ်​ကြည်​ရင်းနှီးမှုပိုမိုရရှိလာကြပြီဖြစ်​သလို 'ခိုင်​မြဲ​သောသစ္စာ'ဇာတ်​ကားရိုက်​ကူးမည့်​ပထမဆုံးရက်​သို့ ​ရောက်​ရှိခဲ့​ချေပြီ။

နံနက်​ပိုင်းတွင်​ ရုပ်​ရှင်​ကန်​​တော့ပွဲနှင့်​ အခြား​သောကိစ္စရပ်​များကို ပြုလုပ်​ပြီး ည​နေပိုင်းမှာ​တော့ ရိုက်​ကူး​ရေးတွင်​ပါဝင်​မည့်​ အဖွဲ့သားအားလုံးကို ရိ​ပေါ်ကညစာလိုက်​​ကျွေးသည်​။ ထုံးစံအတိုင်း ဆိုင်​ကို​တော့ ​ရှောင်းကျန့်ကပင်​​ရွေး​ရပြန်​သည်​​ပေါ့။

ယခင်​က မသိကျွမ်းဖူး​သေးသူများသည်​လည်း ရိုက်​ကူး​ရေးမတိုင်​ခင်​ တစ်​လခန့်​မျှအတူတကွ ပြင်​ဆင်​ခဲ့ကြသည်​မို့ အ​တော်​က​လေး​တော့ ရင်းနှီး​နေကြပြီဟုဆိုရ​ပေမည်​။

ဟိုးယခင်​က ဘယ်​​လောက်​​သောက်​​သောက်​မမူးတတ်​​သော ​ထောင်​ဟွားသည်​ ယခုဘ၀တွင်​ အူအရိုင်း​လေးဖြစ်​​နေပါ​ကြောင်း သိထားသည့်​ရိ​ပေါ်က ​ရှောင်းကျန့်ကိုမ​သောက်​​စေချင်​​ပေ။

သို့​သော်​လည်း ဒါရိုက်​တာအပါအ၀င်​ အဖွဲ့သားများက ​တောင်းဆို​နေသည်​မို့ သူလည်းမတတ်​သာပဲ ခွင့်​ပြုထားရ​လေသည်​။ ​ရှောင်းကျန့်​လည်း သူ့ကိုယ်​သူသိသည်​မို့ တစ်​ခွက်​​သောက်​ပြီးသည်​နှင့်​ လုံးဝထပ်​မထိ​တော့​ပေ။

အပြန်​လမ်းမှာ​တော့ ယခင်​ကလိုပင်​ မူးသည်​ဆိုတာ ဂျီကျတာ​ကြောင့်​ လမ်းတစ်​၀က်​မှာပင်​ ကုန်းပိုး​ရ​ပြန်​သည်​။

ကံ​ကောင်းစွာပင်​ အ​ကြောင်းသိသူ ရိ​ပေါ်က အလာတုန်းက ကားတစ်​စီးတည်းယူလာကာ ​ရှောင်​ဟိုင်​ကိုပါ အပါ​ခေါ်ခဲ့မိ​လေသည်​။

"ရိ​ပေါ်... ရိ​ပေါ်..."

"ဟင်​..."

"ဘာလို့မင်းက ငါ့ထက်​ပုရတာလဲ"

"​ကောကလည်းဗျာ နည်းနည်း​လေး၊ ​ယောင်​​ယောင်​က​လေးကို ​ကောကကျ ဘာလို့ဒီ​လောက်​​ပေါ့​နေရတာလဲ"

မက်​မွန်​ပွင့်​တို့သက်​​သေတည်​၍ (season 2/COMPLETE)Donde viven las historias. Descúbrelo ahora