Chapter - 41

5.4K 1K 30
                                    

[Unicode]

{ကြာရွက်ကော်ပြန့်လိပ်}

လင်ရှုယီသည် မည်သူ့ကိုမှ ချစ်မြတ်နိုးဖူးခြင်းမရှိခဲ့ပေ။

သူ့အရင်ဘဝမှာတုန်းက ဆယ့်ရှစ်နှစ်ပြည့်ချိန်အထိ အပြင်လောကနှင့် ဆက်သွယ်ခြင်းမပြုခဲ့ဘဲ သူ့ဆရာနှင့်အတူနေထိုင်ခဲ့၏။ ဆယ့်ရှစ်နှစ်ပြည့်ချိန်၌ သူသည် ပညာဗဟုသုတများပိုမိုရှာမှီးနိုင်ရန်အတွက် မြို့တော်ကိုပြန်လာခဲ့ပြီး ရိုးသားဖြောင့်မတ်သည့်အမတ်တစ်ဦးဖြစ်လာဖို့ ရူးမိုက်စွာစိတ်ကူးယဥ်‌နေခဲ့သည်။ သူမသွားခင် သူ့အကျင့်စရိုက်က အမတ်လုပ်ဖို့မသင့်တော်ဘူးလို့ သူ့ဆရာက သူ့ကို သတိပေးခဲ့သော်လည်း သူက အမတ်လုပ်ခဲ့သည်။ နှစ်,နှစ်တာကုန်ဆုံးသွားပြီးနောက်တွင် လင်ရှုယီသည် အေးစက်မာကျောနေသောမြေပေါ်၌ အသက်မဲ့‌နေသည့်ခန္ဓာကိုယ်တစ်ခုမှလွဲ၍ မည်သည်ကိုမှချန်မထားရစ်ဘဲ သေဆုံးသွားခဲ့၏။ သူသည်ကား သူ့ဆရာကိုပင် နောက်ဆုံးအကြိမ်အဖြစ်တွေ့ခွင့်မရခဲ့ချေ။

လင်ရှုယီအ‌နေဖြင့် သူ့စိတ်ထဲမှာနေရာယူထားသည့်လူများကို ပြောပြရမည်ဆိုပါက ထိုသူတို့မှာ သူ့ဆရာနှင့်သူ့သူငယ်ချင်း စုန်ယန်ပင်ဖြစ်လိမ့်မည်။

သည်ကမ္ဘာကိုရောက်လာပြီးနောက်တွင် လင်ရှုယီသည် သူ့အချိန်အများစုမှာ အဖိုးအိုယန်နှင့်အတူရှိနေတတ်ပြီး နောက်ပိုင်းတွင်တော့ ရှန်ဖူပါဝင်လာသည်။ သူ့စိတ်ထဲရှိသူများက သူ့ဆရာ၊ သူ့မိသားစုနှင့် သူနှင့်အလွန်ရင်းနှီးသောမိတ်ဆွေများသာဖြစ်၏။ ရှန်ဖူ့ကိုတော့ သူငယ်ချင်းတစ်ပိုင်းလို့သာ သတ်မှတ်လေ၏။

လူတွေကို ချစ်ဖူးတဲ့အတွေ့အကြုံမရှိတာမို့ သူသည်ချစ်ခြင်းတရား၏သဘောတရားများကို ကောင်းကောင်းနားမလည်ပေ။ သို့အတွက် ရှန်ဖူက ဂေးတစ်ယောက်ဆိုတာကို သိတာတောင်မှ ဘာမှမစိုးရိမ်ခဲ့ခြင်းဖြစ်၏။ တာ့ယန်မှာကြီးပြင်းလာခဲ့သည်မို့ သူ့စိတ်တွင် သူ့ဇာတိမြေ၏ ပွင့်လင်းပြီးလက်ခံနိုင်စွမ်းရှိသည့် အလေ့တို့ရှိနေဆဲဖြစ်ကာ အမျိုးသမီးတစ်ယောက်ကိုကြိုက်ခြင်းနဲ့ အမျိုးသားတစ်ယောက်ကိုကြိုက်ခြင်းကြားက ကွာခြားချက်ကို သူသိပ်မမြင်နိုင်ပေ။ ဒါကြောင့်ပင် သူက ရှန်ဖူ့ကို အောင်မြင်စေချင်တာဖြစ်၏။ ရှန်ဖူချစ်နေတဲ့သူက သူဆိုတာကိုသာ လင်ရှုယီသိပါက သူ့တုန့်ပြန်မှုသည် တည်ငြိမ်အေးဆေးနေလိမ့်မည်မဟုတ်ဘဲ ဆဲပင်ဆဲနိုင်‌သေး၏။

I'm a Chef in the Modern Era [Myanmar Translation]Tempat cerita menjadi hidup. Temukan sekarang