<Unicode>
( လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ... )End callကို တီခနဲ နှိပ်ချလိုက်ပြီး ကုတင်ပေါ်ထိုင်ချလိုက်ရင်း လက်နှစ်ဖက်နဲ့ ဆံပင်တွေ ထိုးဖွနေမိတယ်။
ဖုန်းခေါ်လိုက်တိုင်း ' hello 'ဆိုတဲ့ အသံချိုချိုလေးနဲ့ ပြန်ဖြေသံလေးအစား operatorက ပြန်ဖြေသံလေးနဲ့ပဲ တိုးနေတာ နေခင်းကတည်းကနေ ခုချိန်ထိပဲ။
ကိုယ်ဘယ်လိုနေရမလဲ ကလေးလေးရာ..။တနေ့တနေ့ မင်းမျက်နှာလေးတချက်ညှိုးမှာကိုတောင် မလိုလားတဲ့ကိုယ်က ခုလိုအခြေနေထိဖြစ်နေတာတော့ သေမတတ်ပဲ။
နေ့ခင်းက ထွက်သွားတာမို့ ရှင်းပြဖို့အတွက် ကိုယ်အပြေးလေး လိုက်လာခဲ့ပေမယ့် အရိပ်အယောင်ပါ မတွေ့ရတဲ့အပြင် ယီကျိုးဆီက ပြန်ရလိုက်တဲ့ Voice mailက ညနေပိုင်းအတန်းမတက်ဘူးဆိုတာပါပဲ။
တညနေလုံး ပတ်ရှာနေမိပေမယ့် ph. locationတွေလည်းရှာမရခဲ့ဘူး။အတန်းပျက်လို့ ယွမ်လောင်ရှီးရဲ့ သြဝါဒကို နားပူအောင်ခံရမယ်ဆိုတာ ကိုယ်သိပေမယ့် ဘယ်အရာကမှ မင်းထက်ပိုအရေးကြီးတာမဟုတ်တော့ ကိုယ်လစ်လျူရှုထားတယ်။
တဆက်တည်း မက်ဆေ့ခ်ျပို့ခဲ့တဲ့ ကျင်းပေါင်ကိုပါ နုတ်နုတ်စင်းချင်စိတ်တဖွားဖွား။ဒင်းမွှေတဲ့ပြသနာ ..ဒင်းကြောင့်သာမဟုတ်ရင်။
အစိမ်းလတ်လတ်ငရဲကျတယ်ဆိုတာ သူများတွေက ဘယ်လိုမျိုးကို ဆိုလိုမှန်း မသိပေမယ့် ကိုယ့်အတွက်က ဒါဟာလည်းငရဲပါပဲ။
ဝုန်းခနဲထပြီး ယီကျိုးဆီသွားမို့ထွက်လာတော့ အခန်းအပြင်ကိုထွက်လာတဲ့ ယီကျိုးနဲ့ ကွက်တိတိုးတယ်။
' ကော..ရှောင်းကျန့်ကို ဖုန်းခေါ်လို့ရပြီလား ..ခုပဲ ကျနော့်ကို replyလုပ်တာ သူအိမ်မှာတဲ့ '
' ကျေးဇူး'တခွန်ထဲပြောပြီး အောက်ထပ်ကို ပြေးဆင်းသွားတာကိုကြည့်ပြီး ရှောင်းကျန့်ဆီသွားတော့မယ်ဆိုတာကိုတော့ မပြောခဲ့ပေမယ့်သိနေတယ်။မဆိုးပါဘူး..တနှစ်မှာတခါတောင် ပြောဖို့မသေချာတဲ့ ကျေးဇူးတင်စကားကို ကြားလိုက်ရတာ။
------------------------
တောင်ခနဲ မြည်လာတဲ့ ဖုန်းကို ကောက်ယူကြည့်လိုက်တော့..။
VOCÊ ESTÁ LENDO
Hăo Jiŭ Bù Jiàn(好久不见)(Completed )