Episode 17

1.6K 194 26
                                    

CCTVကိုပဲ တစ်​​နေကုန် စိုက်ကြည့်ရသဖြင့် ​Jisooခေါင်းတို့​ညောင်းကိုက်လာသည်။

"ဒီ​နေ့မှ...ဧည့်သည်​တွေကလည်းမလာ" တစ်​​​​ယောက်တည်းညည်းတွားလိုက်ရင်းCCTVသို့တဖန်ပြန်ကြည့်လိုက်သည်။ မှန်ကို တစ်ကိုယ်လုံးနီးပါးလှုပ်ခါသွား​​အောင် သုတ်​နေ​သောJennie။

ဒီကလေးမကို အနား​ပေးချင်​နေပြီ....မနက်ကတည်းက လုပ်​နေတာ အခုထိ မနား​သေး။

ဧည့်သည်​လေးလာရင်....​ကော်ဖီ​ဖျော်ခိုင်းပြီး..အနား​ပေးမလို့ကွာ.....

jisoo လက်နှစ်ဖက်​ပေါ်တွင် ​မေးတင်လိုက်သည်။

Jenအနားရ​အောင်ဆိုပြီး ​​ဖျော်လာခိုင်းသည့်​ကော်ဖီ​တွေကလည်း ဗိုက်ထဲ တနင့်တပိုး..။

"​ဒေါက်...​ဒေါက်.."

"ဘာတုန်း?"

"lili flowerက PAက​တွေ့ခွင့်တောင်း​နေတယ်ခင်ဗျ"

"ဝင်လာခဲ့ပါ"

"Hello မဒမ်!" အနီ​ရောင် ရှပ်ကိုမှ အနက်ထပ်ဝတ်ထားသဖြင့် ချယ်​ယောင်းတစ်​ယောက် လုံးဝbusiness Woman styleဖြစ်​နေသည်။ မိမိတစ်ကိုယ်လုံးကို သိမ်းကြုံးကြည့်​နေ​သော Jisooကို ချယ်​ယောင်းက စိတ်​ကျေနပ်ဟန်နှင့်ပြုံးပြကာ

"ဟိုရက်က တောင်းထားတဲ့ ကန့်ကွက်စာရင်း​လေး လာ​ပေးတာ မဒမ်"

" ​ကန့်ကွက်သူ​တွေ တရားစွဲဆိုထားတာကို ​ဖြေရှင်းဖို့​တော့ ကျွန်မတို့တာဝန်ယူမယ့်အ​ကြောင်း​​လေးလည်း CEOကို​ပြော​ပေးပါ"

"ဟုတ်ကဲ့ပါ..မဒမ်...အာ..ဒါနဲ့​လေ" အရပ်မိုးထိုးရတဲ့ကြားထဲ Jisoo ကထိုင်ခုံကမထသဖြင့် ချယ်​ယောင်း ​ခါးကို ဒီဂရီများများနှင့်ကုန်းလိုက်ရသည်။

"လာမယ့်Sunday မဒမ်အားလား?

"ဘာလုပ်ဖို့"

"မဒမ်နဲ့ ညစာ အတူစားချင်လို့"

​တွေ့တာဖြင့် ရက်ပိုင်းပဲရှိ​​သေး(ရက်ပိုင်းမှာ​တောင် နာရီအနည်းငယ်နဲ့ပဲ ​တွေ့ဖူး​သေးတာကို)။

"အဲ့ရက်မအားဘူး အခုသွားစားရင်​ရော"

Jisooအ​ပြော​ကြောင့် ချယ်​ယောင်းအံ့သြသွားသည်။

My mom lover is my sisterWhere stories live. Discover now