<Unicode>
' ဝေ့.. မင်း ဘာလို့အအေးယူတာလဲ.. ခုနက လောင်ရှီးမေးတော့ နှာစေးလို့ mark တပ်ထားတာဆို..´ကန်တင်းမှာ အအေးဘူးပါယူတဲ့ ရှောင်းကျန့်ကို ယီကျိုးပြောတော့ မျက်စောင်းဒိုင်းခနဲရောက်လာတယ်။ငါပြောတာ ဘာမှားနေလို့လဲ။
သူ့ကိုတောင်မစောင့်ဘဲ ကော့တော့တော့ ထွက်သွားတဲ့ ရှောင်းကျန့်ကိုကြည့်ပြီး ပခုံးတွန့်လိုက်မိတယ်။နေပေါ့... ။
ရှောင်းကျန့်ထိုင်တဲ့ စားပွဲကိုရောက်လာတော့ စားနှင့်နေပြီ။ ခေါင်းတောင်မဖော်ဘဲစားနေပုံကြည့်ရင် ဗိုက်တော်တော်ဆာနေပုံပဲ။
'မင်း အရမ်းဆာနေလား..ကောနဲ့ ချီဝူးကောလည်း ရောက်မလာသေးဘူး..´
'ရောက်ပါပြီဗျာ..ဟမ်..ကလေးလေးက စားနှင့်နေပြီလား ကိုယ်နဲနဲနောက်ကျသွားတယ် ´မျက်နှာချင်းဆိုင် ဝင်ထိုင်ရင်း ရိပေါ် ကပြောတယ်။
'အွန်း..ရတယ်´
တချက်တောင်လှန်မကြည့်ဘဲ ပလုတ်ပလောင်းလေသံနဲ့ ပြန်ပြောတဲ့ ရှောင်းကျန့်ကို ရိပေါ်က မှေးထောက်ရင်း ပြုံးပြုံးလေးကြည့််နေတယ်။မျက်နှာမမြင်ရဘဲ ခေါင်းလုံးလုံးလေးပဲမြင်ရတာတောင် ချစ်ဖို့ကောင်းလိုက်တာ။ စိတ်ကောက်ပြေသွားပြီထင်ပါ့။
စားဖို့မှာမယ် စိတ်ကူးမရှိဘဲ ထိုင်နေတဲ့ ရိပေါ်အတွက် ချီဝူးကပဲ အတူမှာရတယ်။
' စိတ်ကောက်နေသေးလားကလေးလေး ´
အစားမပျက် ခေါင်းလေးအသာပဲ ရမ်းပြတာမို့ ခေါင်းလုံးလုံးလေးကို လက်နှစ်ဖက်နဲ့ ဆွဲမော့လိုက်တော့ မျက်နှာလေးက စူပုတ်ပုတ်ဖြစ်သွားတယ်။
' ဟင်.. မင်းနှုတ်ခမ်းက ဘာဖြစ်တာလဲရှောင်းကျန့်.. အပူကန်တာ မဟုတ်ဘူး အကောင်ကိုက်ခံရတာနဲ့တူတယ်´
စားစရာမှာပြီးရောက်လာတဲ့ ချီဝူးက အာပြဲကြီးပြောလိုက် ေတာ့ ရှောင်းကျန့်မျက်နှာရဲခနဲဖြစ်သွားသလို ဘေးကလူတွေရဲ့အကြည့်ကလည်း ရှောင်းကျန့်ဆီရောက်လာတယ်။ချီးပဲ..ပုံမှန်လေသံနဲ့ပြောရင် ခွေးကိုက္ မှာစိုးလို့လား။အာပြဲကြီးနဲ့အော်မှ ရတာလား။
YOU ARE READING
Hăo Jiŭ Bù Jiàn(好久不见)(Completed )