Part -13

808 74 10
                                    

ဒီနေ့လည်း မိုးကအငြိုးကြီးစွာရွာနေသည်မို့ ဆရာမများ မလာနိုင်မှာသေချာသလောက်ရှိသည်

"ဆရာမ ကျောင်းကပိတ်လောက်တယ်နော် မိုးတွေအရမ်းရွာနေတယ်"

"ပိတ်ပါဘူး ဘာလို့လဲ"

"ဘာမှဖြစ်ပါဘူး ဒီမိုးနဲ့ဆို အဝေးကဆရာမတွေ မလာဖြစ်လောက်ဘူး ထင်လို့ပါ"

"ငါကတော့သွားရမှာဟေ့ ကျောင်းကငါတို့နဲ့သိပ်မဝေးလှဘူးလေ"

"ဟုတ် အဲ့ဆို liliသွားပြင်လိုက်အုံးမယ်နော် ဆရာမ"

ကျောင်းဝန်းထဲရောက်တာနဲ့ ကျောင်းခန်းထဲမှာ လူတွေလှုပ်စိလှုပ်စိနဲ့ဖြစ်နေတာကို မြင်နေရသည်

"ငါတို့ကမင်းကိုမလာတော့ဘူးထင်နေတာ lisaရ"

"ဟုတ်တယ် ငါလည်းအစက မလာရင်ကောင်မလားစဥ်းစားနေတာ နောက်တော့လာဖြစ်သွားတာ"

"အေးပါကွာ ဟိုမှာ bam bamကမင်းကိုစောင့်နေတာ မလာသေးလို့တဲ့ သွားလိုက်အုံး"

အတန်းထဲကသူ့သူငယ်ချင်းတွေနဲ့အရွှန်းဖောက်နေတဲ့ bam bamဆီခြေဦးတည်လိုက်သည်

"Bamစုတ် ငါ့စောင့်နေတယ်ဆို ဘာပြောမလို့လဲ"

"ဘာမှမပြောပါဘူး ကိုယ့်သူငယ်ချင်းလေးကိုလွမ်းလို့ပေါ့"

စပ်ဖြီးဖြီးရုပ်လေးနဲ့ ကိုယ့်ကို စ နေတဲ့ bam bamက ပုခုံးပေါ်လက်လာတင်လိုက်သည်

"ဟဲ့ လက်မတင်နဲ့ မသာရဲ့"

"ဘာဖြစ်လို့လဲ ခါတိုင်းလည်းဒီလိုတင်နေတာပဲကို"

"မတူဘူးလေ ဒါကကျောင်းမှာဟ သူများတွေက ငါ့ကိုတမျိုးထင်ပြီး ပြောကြမှာမလိုချင်ဘူး သွား လက်ဖယ်"

တကယ်တော့bam bamမှာ တခြားဘာစိတ်မှမရှိတာ သိပါသည် သို့ပေမယ့် liliတို့ကဘယ်လောက်ပဲရိုးသားသည်ဆိုပါစေအုံး ဘေးကပတ်ဝန်းကျင်ကတမျိုးမြင်နိုင်သည်မို့ မိန်းကလေးဖြစ်တဲ့ liliကပဲဆင်ခြင်ရပေမည်
bam bamကတကယ်ကိုကောင်းတဲ့သူငယ်ချင်းပါ သူနဲ့က ညဆိုလည်းစာအတူကြည့်ကြ နေ့ဆိုလည်းဆော့ကြနဲ့ liliအတွက်တော့ bam bamက မောင်နှမလိုတောင်ဖြစ်နေကြပါပြီ

Fight For Our Silent LoveWhere stories live. Discover now