The ending before the beginning✨

5 1 2
                                    

☔︎𝐅𝐚𝐧𝐠𝐢𝐫𝐥'𝐬 𝐃𝐫𝐞𝐚𝐦☔︎☁︎♥︎

2040 ခုနှစ် ~~~

𝗕𝗧𝗦 အဖွဲ့ဟာ လွန်ခဲ့တဲ့ သုံးနှစ်က Disband လုပ်သွားပြီ ဖြစ်ကြောင်း ကြေညာခဲ့စဉ်

စင်အောက်မှ fan များကလည်း မျက်ရည်များစွာ
ဖြင့် ငိုကြွေးနေ
နှလုံးအားနည်းသော သူများလည်း မေ့လဲသွားကြ

ငါ စုတ်သတ်မိလိုက်တယ် ဒီသတင်းက လွန်ခဲ့တဲ့ 3 နှစ်ကပဲ ဘာလို့ ငါရဲ့အနာဟောင်းကြီးကို ပြန်စွသလိုနဲ့ ဒီသတင်းပါလာရတာလည်း

လေယာဉ်ပေါ်မှာ မျက်ရည်များကျနေမိသည်
အဲ့အချိန် အဲ့အချိန်တုန်းက သူမ ဘယ်လောက်တောင် ငိုခဲ့ရလဲ မေ့လဲ သွားသော သူများထဲတွင်သူမ အပါအဝင် လည်း ဖြစ်ခဲ့သည် ~~
𒊹︎︎︎𒊹︎︎︎
လေယာဉ်ပေါ်ကဆင်းတာနဲ့ တောင်ကိုးရီးယားဆိုတဲ့
နယ်မြေသစ်တစ်ခုက လေတွေအား တစ်ဝကြီး ရှူပစ်လိုက်သည်

ဒီနေရာ.....ဒီနေရာလေးက သူမရဲ့ဘဝ.....အိမ်မက်တွေရဲ့ ပန်းတိုင် ဖြစ်ခဲ့ဖူးတဲ့ နေရာ
အခုတော့...လှောင်ပြောင်တတ်တဲ့ ကံတရားကြီးကြောင့် 3 နှစ်နောက်ကျပြီးမှ ရောက်လာခဲ့တဲ့သူမ

ဒါဆိုရင် ဘာလုပ်ရမှာလဲ... သူမ ဒီမှာ အလုပ်လုပ်ဖို့ လာခြင်းပင် ~~~

🟣🟣🟣

နေရမဲ့ အဆောင်တွေကို သေချာစီစဉ်ပြီးတာနဲ့
လေကောင်းလေသန့်ရှူဖို့ ဟန်မြစ်နား ထွက်လာလိုက်တယ်

~ လေလေးတွေက တဟူးဟူးနဲ့ တိုက်ခတ်နေတာ~

လေညှင်းခံနေတုန်း လက်ခုပ်တီးတဲ့ဆူညံသံတွေ ကြားလို့ သူမလည်း အသံလာရာဘက် ကြည်လိုက်သည်

မဖြစ်နိုင်တာ...သူမ အမြင်မှားတာလား

အပြုံးတွေ ဝေဆာစွာနဲ့ ကနေသော ကောင်လေး
တစ်ချိန်က အရမ်းချစ်ခဲ့ရသော eyes smile လေးတွေပေါ်အောင် ကို ထိုကောင်လေးက ပြုံးနေခဲ့တာ

ကကွက်တိုင်းကိုလည်း ပေါ့ပါးစွာနဲ့ကနေတာ
ဒီတိုင်းဆိုရင် သူရှေ့ထိ သွား အားပေးချင်လိုက်တာ
ဒါသူမ အရမ်းချစ်ခဲ့ရတဲ့ သူမရဲ့ Mochi လေးပဲလေ

ဒါပေမဲ့သူမ ထိုနေရာမှာပဲ လူသေလို ရပ်နေကာ မျက်ရည်ကျနေမိသည်
Park Jimin ဆိုသူက ကောင်မလေးတစ်ယောက်နဲ့ ကနေတာ...အဲ့ကောင်မလေးက အရမ်းလည်းလှတယ်

__Fangirl's Dream🐋💜__Where stories live. Discover now