Part 1

5.8K 301 16
                                    

unicode•

ကျွန်တော်သူ့ကိုမုန်းတယ်..

အရာရာတိုင်းကိုပိုင်ဆိုင်ထားတဲ့သူ။

သူနဲ့ကျွန်တော်နဲ့ကမတူဘူး။လုံးဝကိုကွာခြားလွန်းတယ်။အရာအားလုံးကိုပိုင်ဆိုင်ထားတဲ့သူနဲ့ ဘာပိုင်ဆိုင်မှုမှမရှိတဲ့ကျွန်တော်။သူရဲ့ကမ္ဘာကအလင်းရောင်လိုတောက်ပနေရင် ကျွန်တော်ရဲ့ကမ္ဘာကအမှောင်တွေကြီးစိုးနေတယ်။

သူနေတဲ့အပြာရောင်၊မီးခိုးရောင်သုတ်ထားတဲ့အိမ်ကြီး။ကျွန်တော်ကတော့ အိမ်ကြီးနဲ့နှိုင်းလို့မရအောင်သေးလွန်းတဲ့၊ထိုအိမ်ကြီးနဲ့အနီးကပ်ဆုံးဖြစ်တဲ့အိမ်သေးသေးမှာနေတယ်။အိမ်သေးသေးလေးမှာနေတဲ့ကျွန်တော်က အိမ်ကြီးထဲကကောင်လေးရဲ့ကျွန်တစ်ယောက်ပေါ့။

ကျွန်တော့်ရဲ့အနာဂါတ်သည်ထိုကောင်လေးလက်ထဲမှာရှိတယ်ဆိုတဲ့စကားကစက်ဆုတ်စရာကောင်းလောက်အောင်မှန်နေသည်။...

အိမ်အသေးမှာရှိတဲ့ကျွန်တော်တို့သားအဖ2ယောက်ကသူတို့ရဲ့အလုပ်သမားလို့လူတွေသိကြပေမယ့် ကျွန်တွေနဲ့မခြားတာကိုတော့မည်သူမှမသိပေ။

"Jongseong!!! သားမြန်မြန်သွားတော့..သခင်လေးထွက်လာတော့မယ်..စောင့်ရအောင်မလုပ်နဲ့မြန်မြန်သွား.."

နေမထိထားသလိုဖြူဖွေးနေတဲ့အသားရောင်လေးရယ်၊​မြေကိုထိလိုက်ရင်တောင်ထိခိုက်သွားနိုင်လောက်တဲ့အထိအားနည်းလွန်းတဲ့ထိုကောင်လေးသည်ကျွန်တော့်ဘဝရဲ့အတားအဆီးတစ်ခုပင်။

သေမတတ်နာကျင်ရင်တောင်သူ့ကိုကာကွယ်ပေးရမယ်ဆိုတဲ့အဖေ့ရဲ့စကားတွေကိုနားထောင်ရသည်မှာကျင့်သားရနေပြီ။ဟုတ်ပါတယ်လေ..သူတို့ကကျွန်တော်တို့ရဲ့ကျေးဇူးရှင်တွေကိုးး။

ကျေးဇူးရှင်တွေရဲ့လူမဆန်မှုတွေကိုလျစ်လျူရှုပြီး သခင်လိုဆက်ဆံတတ်တဲ့အဖေ့ကိုသူနားမလည်နိုင်။

ကျွန်တော်နေရတဲ့နေရာကနေအိမ်ကြီးကိုသိပ်မသွားရပေ။လမ်းလေးလုပ်ပေးထားတော့ခပ်သုတ်သုတ်လေးလမ်းလျှောက်လိုက်ရင် အိမ်ကြီးကိုရောက်ပြီလေ။

အိမ်ကြီးအရှေ့မှာ ရပ်စောင့်နေတဲ့ကောင်လေးကိုကျွန်တော်တွေ့တော့သူကပြုံးပြလေသည်။

ဒီနေ့တော့အဖြူရောင်ဆွယ်တာကိုဝတ်ပြီး အပြာရောင်မာဖလာလေးကိုပါပတ်ထားသည်။ဟိုနေ့က အင်္ကျီပါးပါးလေးဝတ်တော့ သတိမေ့သွားသေးသည်။ဒါကြောင့် ကျွန်တော်သခင်မကြီးဆီမှာအချက်50အရိုက်ခံလိုက်ရပြီး တစ်နေ့လုံးအငတ်နေလိုက်ရတာကိုမှတ်မိသေးသည်။

ဒီကောင်လေးကအဲလိုဒုက္ခပေးတတ်ပါသည်။ပြီးရင်သူ့ဘက်ကမှားတာပါဆိုပြီးအပြစ်ကင်းစင်သလိုတောင်းပန်တတ်တာကိုကျွန်တော်မုန်းတာ။

"Jongseongie Hyung ကျွန်တော်ဒီနေ့တော့ အင်္ကျီထူထူလေးဝတ်ထားတဲ့အပြင် မာဖလာလေးပါဝတ်လာတယ်.."

𝗌𝗍𝗂𝗅𝗅 𝗐𝗂𝗍𝗁 𝗆𝖾 | 𝗃𝖺𝗒𝗐𝗈𝗇Where stories live. Discover now