" အင်း~ ~ ~ ''အင်းအဲ့ကာ လှုပ်နိုးလာသော ဂျောင်ကုက သူ့ကိုယ်ပေါ် ဆရာသေးသေးတက်အိပ်နေတာကို မသိသေး။
အင်း. . . . . ဘာကြီးလဲဟ ။
မျက်လုံးမဖွင့်ဘဲ သူ့ကိုယ်ပေါ် တက်ကပ်နေတဲ့ အရာကြီးအား လက်နှင့်စမ်းကာ စမ်းကာလုပ်၍ နေသည်။
" ဘာကြီးလဲ '' ဟု ဂျောင်ကု ခေါင်းထောင်ကြည့်လိုက်သည်။
အမယ်လေး ဘာကြီးလဲလို့ ဆရာသေးသေး! ။
အာရီးဂူး~~~ စောင်းအိပ်နေတာက ပါးတခြမ်းကို ဖောင်းလို့ ။ ဟိ ချစ်စရာလေး ။
ဆရာသေးသေးတင်အိအိပေါ် လက်နှစ်ဖက်တင်ကာ ပြန်မှေးနေလိုက်သည်။
တခဏအကြာ သူ့ကိုယ်ပေါ်က ဆရာသေးသေး လှုပ်လာသည်။ ဂျီမင်းကျောပြင်အား ဂျောင်ကု ခပ်ဖွဖွလေး ပွတ်ပေးလိုက်တော့
သက်ပြင်းခပ်ယဲ့ယဲ့ချသံလေးနှင့်အတူ ခေါခလူးနှင့်ပြန်အိပ်ပျော်သွားသည်။ကလေးလေးကျနေတာပဲ ။
နှုတ်ခမ်းလေးကို ဖိနမ်းလိုက်ရင် ကောင်းမလား။ အဲ့ဒါဆို ဆရာသေးသေးနိုးသွားမှာပေါ့ ။ မဖြစ်သေးဘူး ပါးကိုပဲငုံ့နမ်းလိုက်ရင်ကောင်းမလား။ ဟာ မသိတော့ဘူး။
နမ်းချင်စိတ်တနည်း အသားယူချင်စိတ် တဖက် နှာဘူးထစိတ်တဖုံ ပြွမ်းနေသော ဂျောင်ကုစိတ်က မနက်ခင်းလည်း ဆရာ့ကိုပြစ်မှားလေသည်။ ဒီလိုဆိုရင်တော့ ငရဲအိုးဂျိုးကပ်ရုံသာမကဘူး ဂျိုးဘဝအနေနဲ့
နှစ်အင်္သချေ နေရမယ့်ပုံ ။😌ပြစ်မှားကောင်းနေတုန်း အင်းအဲ့နိုးလာသော ဆရာသေးသေးကြောင့် မျက်လုံးချိတ်ပိတ်ကာ အိပ်ပျော်ဟန်ဆောင်ရသည်။
" အင်း~~~ ဘယ်နာရီရှိပြီလဲ ''
မိမိကိုယ်ပေါ်က အသာလေးဖယ်ထသွားသော ဆရာသေးသေးကြောင့် အနည်းငယ်စိတ်ထိခိုက်သွားရကာ ဆက်လက်၍ အိပ်ချင်ဟန်ဆောင်နေလိုက်သည်။
" အဖျားရှိသေးလား မှန်းစမ်း ''
မိမိနှာဖူးအား အတားအဆီးမရှိ လာထိကိုင်ကာ ရုတ်တရတ်ဆိုသောကြောင့် လန့်သွားရပြီး နှလုံးခုန်သံဟာလည်း ရထားခုတ်မောင်းနေသကဲ့သို့တောင် မှတ်ယောင်ရမည်။ လူကိုရူးအောင်လုပ်နေတာပဲ သူ့လူက ။
VOUS LISEZ
𝗕𝗮𝗱 𝗕𝗼𝘆'𝘀 𝗧𝗲𝗮𝗰𝗵𝗲𝗿 (Complete)