Chapter-2

1.2K 98 5
                                    

Time Flies....

Street Dance Of KoreaGrand Finalပြိုင်ပွဲကျင်းပရာ စတိတ်စင်ပေါ်မှာ ပြိုင်ပွဲ၀င် ၂ဦးဖြစ်တဲ့ Jennie နဲ့ Lisaတို့က အသီးသီး နေရာယူထားကြ ပြိုင်ပွဲ၀င်ဖို့အဆင်သင့်ဖြစ်နေတယ်။

ပထမဦးဆုံးJennieက သူ့ရဲ့ ‌သွက်လက်သေသပ်လှပတဲ့ ကကွက်တွေနဲ့အတူစတင်လှုပ်ရှားနေပြီး တစ်ဘက်မှာတော့ Lisaတစ်ယောက် Jennieကို ပြိုင်ဘက်တစ်ယောက်ကို ကြည့်တဲ့အကြည့်တွေနဲ့မဟုတ်ဘဲ ချစ်သူတစ်ယောက်ကို ကြည့်တဲ့အကြည့်တွေနဲ့ ကြည့်နေပြီး သူကဖို့ အလှည့်ရောက်‌လာ‌တာကိုတောင် ကိုယ်တိုင်သတိမူမိဘဲဖြစ်နေလေရဲ့

Lisa's POV

"ငါအခုတော့ ပရိသတ်တစ်ယောက်အနေနဲ့ အဝေးမှာသူ့ကိုထိုင်ငေးနေတာမဟုတ်တော့ဘဲ သူ့ဘေးမှာ ပြိုင်ဘက်ကောင်းတစ်ယောက်အနေနဲ့ ရပ်ခွင့်ရခဲ့ပြီ။ သူမသိတဲ့ အဝေးကသူတစ်ယောင်မဟုတ်တော့ဘဲ သူငါ့ကို သတိထားမိစေတဲ့အခွင့်အရေးရလာပြီပဲ"လို့ တွေးရင်း ကိုယ့်ဘာသာကိုယ်ပြုံးနေမိတယ်

"Lisaဘာလုပ်နေတာလဲဟ နင့်အလှည့်ရောက်ပြီလေကတော့ဟ "လို့ ဘေးက Bam Bamအော်တော့မှသတိ၀င်လာတဲ့ကိုယ့်အဖြစ်ကို ပြုံးလိုက်မိပြီး ၇နှစ်ကျော် ကြိုးစားခဲ့ရတဲ့အရာတွေကို လှလှပပ အကောင်းဆုံးထုတ်သုံးလိုက်တော့တယ်။

ပရိသတ်တွေဆီက Wow Lisa ဆိုတဲ့ အံ့ဩမှင်သက် သဘောကျတဲ့အသံတွေနဲ့အတူ ကကွက်တွေက ပိုသက်၀င်လှုပ်ရှားလာတယ်။

Jennie's POV

Lisaရဲ့ ကကွက်တွေကိုကြည့်ရင်း ကျွန်မရဲဘ ကမ္ဘာကြီး ရပ်တန့်သွားပြီး ဒီနေရာမှာ သူနဲ့ကျွန်မ ၂ယောက်တည်းရှိနေသလိုပဲ ခံစားရတယ်။

သူရဲ့ကကွက်တွေမြင်ပြီးတဲ့အခါမှာ သူက တော်တာထက်ကိုပိုပြီး ပါရမီပါလွန်းတဲ့သူတစ်ယောက်လို့ တွေးမိတယ်။ သူမှာ ဘယ်သူမှ မငြင်းဆန်နိုင်တဲ့ ဆွဲဆောင်မှုတစ်ခုရှိနေတယ်။ အကနဲ့ပတ်သတ်တဲ့ သူရဲ့စိတ်အားထက်သန်မှုကလည်း သူ့ရဲ့ ကကွက်တိုင်းမှာအတိုင်းသား မြင်နေရတယ်။

ကျွန်မတွေးနေတဲ့အတွေးတွေ အဆုံးမသတ်နိုင်သေးခင်မှာပဲ သူရဲ့ကကွက်တွေကို လှလှပပအဆုံးသတ်ပြီး ကျွန်မကို ပြုံးပြနှုတ်ဆက်တဲ့ သူ့အပြုံးကိုမြင်တော့ ကျွန်မပြန်နှုတ်ဆက်ဖို့ သတိမေ့သွားပြီး သူ့အပြုံးတွေကို မြတ်နိုးနေမိတယ်။

Love Of My LifeWhere stories live. Discover now