သစ်ပင်အောက်တွင် စောနကခုန်စွ၊ခုန်စွလုပ်ကာ ဖုန်းပြောနေသော ဂျောင်ကုက အခုမေးကြောများထောင်ပြီး ခက်ထန်လာသည်။" ဘယ်မှာလဲ မတွေ့ပါဘူးဆို .. ကားအပြာရောင်? မတွေ့ဘူး မင်းကိုလည်းမတွေ့ဘူး ''
" အာ တွေ့ပြီ ''
အခုကျတော့ အကြောတွေပြေလျော့သွားပြန်ပြီ။ ဒီကလေးအပြောင်းအလဲ အိုက်မြန်တယ်။
သစ်သားအိမ်ရှေ့ကွပ်ပျစ်လေးကနေ ဂျောင်ကုအခြေအနေကို ဂျီမင်းအကဲခတ်နေ၏။
သစ်ပင်အောက်ထိုးရပ်လာသော အပြာရောင်ပြိုင်ကားပေါ်မှ ထယ်ဟျောင်းနှင့်သူ့လူကြီးတို့ဆင်းလာကြသည်။
" ငါပြောတယ် ရောက်နေပါပြီဆို မင်းမင်းလိုက်မရှာဘဲနဲ့ မတွေ့ဘူး၊ မတွေ့ဘူးချည်း စွတ်အော်နေတယ် ''
" အေးပါ ထယ်ရာ~ ငါတကယ်မတွေ့လို့ပါ ရောက်တာနဲ့ ပွစိဖို့ပဲသိတယ် အဖွားကြီးကျလို့ ''
" ဟားဟားဟား မင်းသူငယ်ချင်းကငါ့ကိုရောအဲ့လိုပဲ ပွစိနေကျ အဖွားကြီးသေးသေးကျနေတာပဲ ''
" ဟာ ဟျောင်းကပါ ကျွန်တော့်ဘက်မပါဘူး။ ဂျောင်ကု မင်းဆရာသေးသေးကို ငါသွားစည်းရုံးမယ် ကြည့်နေ ''
" ဆရာဂျီမင်းရေ~~~ ''
" ဟာ ဟျောင့်! "
လက်ဆန့်တန်းပြီး သူ့ဆရာသေးသေးနားပြေးသွားသော ထယ်က သူ့လူကြီးနှင့် ကျွန်တော့်ကိုပါ သတိမရတော့။
ဘာတွေသွေးထိုးမလို့လဲ ထယ်စုတ်ရဲ့! ။
" ဆရာဂျီမင်း ဂျောင်ကုက ကျွန်တော့်ကိုအကောင်းမပြောဘူး အဲ့တာဂျောင်ကုကိုဆူပေး နော် ''
" ဟျောင့် ဘာလိုက်ပြောနေတာလဲ ''
" မကြားဘူးလား ရေဒီယိုကနှစ်ခါမလွှင့်ဘူး ''
" နှစ်ခါလွှင့်တာလည်းရှိပါတယ်နော် ''
ထိုစကားကို ဂျောင်ကုပြောသည်မဟုတ် သူ့လူကြီး မစ္စတာ. သကြားခဲဖြစ်သည်။" ဟျောင်း~~~ ကျွန်တော့်ဘက်ပါလို့~ ''
အနောက်ကပါလာသော သူ့လူကြီးဖြစ်သူမှ သူ့ဘက်မပါ၍ အကဲပို၊ ရွပြနေသော ထယ်ဟျောင်း။
ВЫ ЧИТАЕТЕ
𝗕𝗮𝗱 𝗕𝗼𝘆'𝘀 𝗧𝗲𝗮𝗰𝗵𝗲𝗿 (Complete)