Unicode
သာယာတဲ့မနက်ခင်းမှာပဲ လွမ်းဆွတ်ခြင်းနဲ့စခဲ့ရယ် ကျွန်တော့်အဖို့တော့ မရိုးတော့ဘူးလေ။အခုဆိုထယ်ယောင်းလေးဆုံးသွားတာဖြင့် သုံးနှစ်ကြာခဲ့ပြီး ဒါတွေကကျွန်တော့်အပြစ်မကင်းဘူးလေ။*flash start*
"သား.....ကုကု....."
ကျွန်တော်မေမေ့ကိုတချက်ကြည့်လိုက်တယ်သူမမှာကျွန်တော့်ကိုတခုခုကိုလိုက်လျောစေချင်တဲ့အကြည့်နဲ့ပေါ့။
"ဟုတ်မေမေပြောလေ....."
"UMMM......သား ကင်မ်ထယ်ယောင်းဆိုတဲ့ကောင်လေးနဲ့ချစ်သူတွေဖြစ်နေတယ်ဆိုတာမေမေကြားတယ်နော်သား။"
အဲ့တာပြဿနာပဲ မေမေဘယ်လိုသိတုန်းကျွန်တော့်ကို မေမေ ထယ်ယောင်းနဲ့ကန့်ကွက်တော့မှာလေ။
"ဟုတ်....ဟုတ်...ပါတယ်......"
"Aww....ဒါဆိုသူနဲ့လမ်းခွဲလိုက်"
ကျွန်တော့်ရင်ထဲကိုဘယ်ကမှန်းမသိတဲ့ဓါးတချောင်းဝင်လာသလိုပဲ။
"ဒါပေမဲ့ မေမေ......."
"တော်တော့.....သား......မေမေ သားနဲ့ သဘောတူထားတဲ့ မိန်းကလေးရှိတယ် သားသူ့ကိုလက် မထပ်ရင်မေမေတို့နဲ့သား ရှင်ခန်းပြတ်ပဲ"မေမေရက်စက်လွန်းတယ်ဗျ။မေမေလက်ထပ်ပေးမဲ့မိန်းကလေးက အပြစ်ပြောစရာမရှိပေမဲ့ မေမေကဖေဖေ့ ကုမဏီနဲ့ပူးပေါင်းဖို့အတွက် လက်ထပ်ခိုင်းတာ
ကျွန်တော့် ထယ်ယောင်းဆီသွားပြီး ပြောပြလိုက်တယ်။
"မောင်.....ဒါဆိုအဲ့မိန်းကလေးကိုလက်ထပ်ရမှာပေါ့နော်"
ထယ်ယောင်းရဲ့မျက်ရည်မှာ မျက်ဝန်းအတွင်းမှာပဲ ဝဲနေလျက်"ထယ်လေးရယ်.....မောင်သူနဲ့လက် မထပ်ချင်ဘူး....."
"မောင် အဲ့လိုမလုပ်ရင် မောင့်အဖေနဲ့အမေက အရှက်ရမှာပေါ့ ပြီးတော့ မောင်က ထယ့်ကို......"
ကျွန်တော်ပြောလို့မဆုံးသေးဘူးမောင်ကကြားဖြတ်ပြီး။
"မောင်တို့ခိုးပြေးကြမလား"
"ဟင့်.....မောင်ဖြစ်ပါမလား"
ကျွန်တော် မောင်နဲ့အတူခိုးရာ လိုက်ချင်ပါတယ် ဒါပေမဲ့ကျွန်တော့်ကြောင့်နဲ့ မောင်ဒုခမရောက်ချင်ဘူး အကယ်၍ခိုးပြေးလို့ မောင့်မိဘနဲ့တွေ့ရင် သူတို့နှာခေါင်းရှုပ်ကြမှာ ဘာလို့လဲဆိုတော့ ကျွန်တော်ကတကောင်ကြွက်လေ မိဘတွေကမရှိတော့။
YOU ARE READING
"ထယ့်ကိုမောင်လက် မလွှတ်တော့ဘူးလို့ဆုံးဖြတ်ထားတယ်။အထူးသဖြင့်မောင့်ရင်ခွင်ကနေပေါ့။
RomanceSad 💔