''7''

8.9K 1.2K 12
                                    

ရှောင်ကျန့်က အိမ်ရှေ့စံမင်းသား ဝေ့မင်းရန်နဲ့အတူ မင်းသားကိုး ဝေ့ရီချီရန်ရဲ့အိမ်တော်ကို လိုက်လာခဲ့တယ် ။ ဝေ့မင်းရန်က ဘာအတွက် သူ့ကိုလာခေါ်မှန်းမသိပေမဲ့ တုန့်ဆိုင်းမနေပဲလိုက်ဖို့သဘောတူခဲ့တယ် ။ ဝေ့မင်းရန်မှာဘာရည်ရွယ်ချက်ပဲရှိရှိ သူကဂရုစိုက်နေမှာမဟုတ်ဘူး ။ ဝေ့မင်းရန်ဆိုတဲ့လူမှာ သူ့ကိုထိခိုက်အောင်လုပ်နိုင်တဲ့ အစွမ်းအစမရှိဘူး ။

မနေ့တစ်နေ့လောက်ကပဲ သူ့ကိုချစ်ပါတယ်ဆိုပြီး ဖွင့်ပြောခဲ့တဲ့ဝေ့ရီချန်က ကုချင်းယီနဲ့ ဖက်လဲတကင်းဖြစ်နေတဲ့မြင်ကွင်းကို မြင်လိုက်ရတဲ့အချိန်မှာတော့ လှောင်ရယ်ပစ်လိုက်တယ် ။ သူပြောခဲ့သားပဲ မယုံရပါဘူးလို့ ။ အချစ်ဆိုတာက ပျားရည်အရသာနဲ့တူတဲ့ အဆိပ်တစ်ခွက်ပဲ ။ အပေါ်ယံမှာချိုမြနေပေမဲ့ အဆုံးသတ်ကြရင် အသက်ပေးလိုက်ရတဲ့အထိ ကြောက်ဖို့ကောင်းလွန်းတဲ့အရာ ။

ရှောင်ကျန့်က ခေါင်းတစ်ချက်ရမ်းလိုက်ပြီး သူ့ဘေးက ​ဝေ့မင်းရန်ကိုစိုက်ကြည့်လိုက်တယ် ။ ဒါကသေချာပေါက် ဝေ့မင်းရန်ရဲ့အကြံအစည်ပဲနေမှာ ။ သူကို ဒီလိုမြင်ကွင်းမျိုးမြင်စေချင်လို့ ဒီနေရာကိုခေါ်လာခဲ့တာပဲ ။ သူက ဘာများလဲဆိုပြီး စိတ်ဝင်စားနေခဲ့တာ ။ အဟက်! ဒီလိုအရေးမပါတဲ့အရာဖြစ်နေမယ်လို့တော့ မထင်ထားခဲ့ဘူး ။ ဒီတော့ ဝေ့မင်းရန်နဲ့ ကုချင်းယီနဲ့က ပူပေါင်းသွားကြပြီပေါ့ ။ စိတ်ဝင်စားစရာပဲ ။

" မင်း ငါ့ကိုဒီကိုခေါ်လာခဲ့တာက ဒီလိုမြင်ကွင်းမျိုးကိုပြချင်လို့ပေါ့ ''

ဝေ့မင်းရန်က လင်းရှိုးယာရဲ့စကားကိုမငြင်းပေ ။  တကယ်လည်း သူက လင်းရှိုးယာကို ဒီမြင်ကွင်းကိုမြင်စေချင်လို့ ခေါ်လာခဲ့တာဖြစ်တယ် ။ ဝေ့ရီချန်က လင်းရှိုးယာကိုစိတ်ဝင်စားနေတယ် ။ အဲ့ဒီတော့ လင်းရှိုးယာက ဝေ့ရီချန်ကိုမတွေ့ချင်လောက်အောင် မုန်းသွားဖို့်လိုတယ် ။ ဒါကြောင့်သူက ကုချင်းယီနဲ့ပူပေါင်းလိုက်ပြီး ဒီလိုဖြစ်သွားအောင်ဖန်တီးခဲ့တယ် ။ ဒါပေမဲ့လင်းရှိုးယာက အခုလိုတည်ငြိမ်နေမယ်လို့တော့ မထင်မှတ်ထားခဲ့ဘူး ။

" မင်းပြောတာမှန်တယ် ။ ကိုယ် မင်းကိုဒီနေရာကိုခေါ်လာခဲ့တာက ဒီမြင်ကွင်းကိုမြင်စေချင်လို့ပဲ ''

The Story Of Phoenix KingWhere stories live. Discover now