ရှောင်မု ထိုချက်လက်မှတ်အားကိုင်ဆောင်ရင်း
ဆိုင်တွင်းမှထွက်လာလေသည် ။
တခဏတာဆိုင်ဘေး၌ရပ်နေပြီးမှ ဆုံးဖြတ်ချက်
ချလိုက်သည့်ပုံစံဖြင့် ချက်လက်မှတ်အားကျောပိုးအိတ်ထဲထည့်လိုက်ကာ ပျော်ပျော်ကြီး
အဆောင်သို့ပြေးသွားလိုက်သည်။အခန်းထဲတက်တက်ကြွကြွဝင်သွားပြီး ရှောင်မု သူ၏ချစ်စရာအခန်းဖော်ကျို့ဟန်အားလိုက်ရှာ လေတော့သည်။ ကျို့ဟန်ကား သောင်းကျန်းပြီး
ပင်ပန်းလို့ထင်ပါရဲ့ အပေါ်ထပ်ကုတင်ပေါ် ခွေခွေကြီး အိပ်နေလေသည်။ရှောင်မုလည်း ကိုယ်လက်သန့်စင်ပြီးတာနဲ့ အိပ်ရာပေါ် တချိုးတည်းတက်အိပ်တော့သည် ။
ထို့နောက် ဘာမှန်းမသိငွေလာပစ်ပေးလိုက်သော
အန်တီကြီးအကြောင်းတွေးကာ
တဖြည်းဖြည်းအိပ်ပျော်သွားလေတော့သည်။အိပ်ရာဘေးမှ နှိုးစက် ကျယ်လောင်စွာမြည်သည်နှင့် ရှောင်မု မထချင်ထချင်နှင့် ထကာ ပထမအတန်းချိန် သွားတက်လေသည်။
အိပ်ချင်မူးတူးတူးဖြင့် အတန်းထဲဝင်သောကြောင့်
မည်သည့်အတန်းချိန်မှန်း သတိမထားမိလိုက်
အရှေ့ခုံမှာသွားထိုင်ရုံရှိသေးတဲ့အချိန်
ပရော်ဖက်ဆာချန် မှ လုပ်အားပေးသုံးယောက်လိုကြောင်း လာပြောသောကြောင့် ရှောင်မုအခန်းတွင်းအရှေ့အနောက်ဝေ့ကြည့်လိုက်သည်။
အတန်းသားများက ရှောင်မုအပါအဝင်
ဆယ်ယောက်ခန့်သာရှိပြီး အချို့ကျောင်းသားများက အလုပ်ရှုပ်နေကြသောကြောင့်
ရှောင်မုနှင့်ကျောင်းသူလေးတစ်ယောက်သာ
ပရော်ဖက်ဆာချန်နောက် လိုက်ရန်ပြင်လေသည်။
ရှောင်မု တံခါးရှေ့ရောက်သည်နှင့် လူတစ်ယောက်တံခါးဘေးတစ်ချက်၌ ရပ်နေသည်ကို
မြင်သည်နှင့် စိတ်ထဲတထစ်ချ ကျောင်းသားဟု
မှတ်လိုက်ပြီး ခပ်တည်တည်နှင့်ပင် အက်ျီစအား
သွားဆွဲလေသည်။"ပရော်ဖက်ဆာချန်က လုပ်အားပေးလူလိုလို့တဲ့
မင်းလည်းလိုက်ခဲ့''ရှောင်မု ဘယ်လောက်ဆွဲဆွဲထိုကျောင်းသားကား
တှုပ်တှုပ်ပင်မလုပ်သောကြောင့် ရှောင်မှ
စိတ်အလိုမကျစွာ ဟောက်လေတော့သည်။
YOU ARE READING
ငါ့ကိုငွေနဲ့ပေါက်မယ့် အန်တီကြီးရောက်လာပြန်ပြီ(Uni&Zawgyi)
RomanceTitle - 阿姨帶著錢來找我 Uni& Zawgyi ငါ့ကိုငွေနဲ့ပေါက်မယ့်အန်တီကြီးရောက်လာပြန်ပြီ ရှောင်မုဟာ တက္ကသိုသ်တစ်ခုမှာပန်းချီအနုပညာဘာသာ တက်ရောက်သင်ယူနေတဲ့ တကယ့်ကိုတကယ့်ကို သာမန်ကျောင်းသားတစ်ယောက်ပါ သို့သော် သူကျောင်းအနီးနားရှိ ကော်ဖီဆိုင်မှာ ထိုင်နေရင်း နေရင်းထိုင်...