Unicode
ရှောင်မု မျက်နှာသေဖြင့်သာ ထိုငွေပေါက်အန်တီကြီးအားကြည့်နေတော့သည်။
ထိုအန်တီကြီးဘာကြောင့်ဒေါသကြီးပြန်ပြီလဲဆိုတာ ရှောင်မုမသိ သူ့နားရောက်လာသည်နှင့်
ရှောင်မု၏ လက်ကောက်ဝတ်အားဆွဲကာ
အဆောင်ဘေးမှ လမ်းကြားအတွင်း ဆွဲခေါ်လေသည် ။ရှောင်မုဘာမှမပြောရသေးခင် အန်တီကြီးမှ တရစပ်ဆိုလေတော့သည်။
"မင်းကိုငါ ငါ့သားနဲ့လမ်းခွဲဖို့ ငွေပေးပြီးပြီ မဟုတ်ဘူးလား ဘာလို့ဆက်တွေ့နေသေးတာလဲ
ယွမ်10သိန်းက မင်းအတွက်မလုံလောက်သေးလို့လား အရင်တစ်ခါကတည်းက ငါပြောပြီးသား
မင်းနဲ့ငါ့သားနဲ့မတန်ဘူး မတန်ဘူးလို့ငါ့သားမှာ စေ့စပ်ထားတဲ့ အထက်တန်းလွှာမိန်းကလေး ရှိပြီးသား မင်းနဲ့ငါ့သားက ဘယ်လိုမှ
မလိုက်ဖက်ဘူး မင်းကငါ့သားကိုလိုချင်နေရအောင် မင်းမှာ ဘာများကောင်းမွန်တဲ့အချက်တွေ ရှိလဲဆိုတာစဥ်းစားဦး ငါ့သားက စုန့်မိသားစု
က မိန်းကလေးနဲ့ဘဲထိုက်တန်တာ မင်းငါ့သားနဲ့
ဝေးဝေးနေ''''ငါ့သားကချောတယ် ခန့်တယ်ဆိုတာ ငါသိတယ် အဲတာနဲ့ဘဲ သူ့ကိုကြိုက်နေတာကို ငါလက်မခံဘူး မင်းချက်ချင်းလမ်းခွဲ ငါ့သားက လူကြီးလူကောင်းမို့ သူ့ဘက်ကလမ်းခွဲမှာမဟုတ်ဘူး ''
YOU ARE READING
ငါ့ကိုငွေနဲ့ပေါက်မယ့် အန်တီကြီးရောက်လာပြန်ပြီ(Uni&Zawgyi)
Storie d'amoreTitle - 阿姨帶著錢來找我 Uni& Zawgyi ငါ့ကိုငွေနဲ့ပေါက်မယ့်အန်တီကြီးရောက်လာပြန်ပြီ ရှောင်မုဟာ တက္ကသိုသ်တစ်ခုမှာပန်းချီအနုပညာဘာသာ တက်ရောက်သင်ယူနေတဲ့ တကယ့်ကိုတကယ့်ကို သာမန်ကျောင်းသားတစ်ယောက်ပါ သို့သော် သူကျောင်းအနီးနားရှိ ကော်ဖီဆိုင်မှာ ထိုင်နေရင်း နေရင်းထိုင်...