<Unicode>
' နောက်ဆုံးမေးခွန်းဖြစ်သလို အမေးအများဆုံးမေးခွန်းလို့လည်းဆိုရမှာပါ..ဒါကတော့ အချစ်ဆိုတာကို ဘယ်လိုခံယူထားလဲ ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုလဲ ?ဆိုတာပါပဲ ´
အင်းပေါ့..သိချင်ကြမှာပဲလေ။ရှောင်းကျန့်ဆိုတဲ့ ခင်များလေးက ဝမ်ရိပေါ်နဲ့ လူသိရှင်ကြား အရပ်ရှည်ရှည်ခပ်မိုက်မိုက်စီနီယာနဲ့ ပုပုသေးသေးဂျူနီယာဆိုတဲ့ ဇာတ်လမ်းကို အတူကနေတဲ့သူပဲ။
Leader Chen ကိုကြည့်ပြီး ရှောင်းကျန့်က တချက်ပြုံးတယ်။
'Definition of LOVE ?
မတူတဲ့လူတွေကြား အချစ်ကို အဓိပ္ပါယ် ဖွင့်တာတွေလည်း အမျိုးမျိုးကွဲထွက်သွားတယ် ..တချို့လူတွေအတွက် နာကျင်ရမှအချစ် တချို့လူတွေအတွက် အချစ်ဆိုတာ ပူလောင်တယ်..ကျနော်အများကြီးနားမလည်သလို အများကြီးလည်းမပြောတတ်ဘူး..ဒါပေမယ့် အရိုးရှင်းဆုံးပြောရင် အချစ်ဆိုတာ ချစ်တတ်တဲ့ နှလုံးသားရှိသူတိုင်းနဲ့ ထိုက်တန်ပါတယ် ´ဒါပေါ့..။ချစ်တတ်တဲ့ နှလုံးသားတိုင်းနဲ့ ထိုက်တန်ပါတယ်။ချစ်တတ်တဲ့ နှလုံးသားကိုပိုင်ဆိုင်ထားတဲ့ ခင်များလေးက ပိုပြီးအချစ်ခံရဖို့ထိုက်တန်တယ်။
'မင်းထပ်ကြည့်ပြန်ပြီလား ´
ရိပေါ်က ဖုန်းကိုပိတ်ပြီး ဘေးမှာချထားလိုက်တယ်။ဒါ ကျောင်းရဲ့ Channelကနေ လုပ်ဖြစ်တဲ့ Talk show programမှာ member မိတ်ဆက်တဲ့အထဲ ကျောင်းသားတွေမေးထားကြတဲ့ မေးခွန်းဆွေကို ဖြေထားတဲ့အပိုင်းလေး။ပြန္ ကြည့်ဖြစ်တာ ဘယ်နှကြိမ်မှန်း မသိတော့။
သူရှေ့ကခုံမှာဝင်ထိုင်ရင်း စာအုပ်တွေထုတ်နေတဲ့ ချီဝူးကို တချက်သာကြည့်ပြီး ဘာမှပြန်မေျပာဖြစ်။ငါ့ကောင်လေးကို ငါကြည့်တာ ဘာဖြစ်လဲ။တစိမ့်စိမ့်နဲ့ ထိုင်ငေးချင်စရာကောင်းတဲ့ ကောင်လေးမျိုးမပြောနဲ့ ။မူးရင်ရှူဖို့ ရည်းစားလေးတောင် မင်းမှာရှိလို့လား။
ဒါပေမယ့် အပြင်မှာတော့ ဘာမှပြန်မပြောဖြစ်ဘဲ ငြိမ်နေလိုက်တယ်။တခြားလူကို လေအကုန်ခံပြီးပြောမယ့်အစား ငါ့ကလေးလေးကို တီတီတာတာ ချစ်စကားတွေပြောဖို့ ချွေတာထားမှာပေါ့။
YOU ARE READING
Hăo Jiŭ Bù Jiàn(好久不见)(Completed )