"နိုင်နိုင်ရေ"
"ဟဲ့...မိနိုင် ငါသမီးနှယ်ခေါ်နေတာမကြာဘူးလား အခန်းထဲအောင်း
ပြိးသေများသွားလား တကယ်ပါဘဲ"စိတ်လေးလက်တစ်ဆစ်နဲ့မေမေတို့ကတော့ တခါးကိုစိတ်ကြိုက်
ထုရိုက်လို့နေခြေပြိ။"လာပြိ မေမေရဲ့..."
"ဒါ ဘယ်လိုဖြစ်တာလဲ..."
နိုင်နိုင်ပုံစံကိုကြည့်ပြိး မေမေမျကိလုံးကြီးပြူးကာတစ်အားအော်တော့
တာဘဲ ဒီလိုမှန်းသိရင်နိုင်နိုင်တခါးဖွင့်မပေးပါဘူး"ဘယ်လိုတွေဝတ်ထားတာလဲ ..."
"ဟို...အယ်..နိုင်နိုင်လေ့ကျင့်ခန်းလုပ်နေလို့မေမေခေါ်တာနဲ့ အဲ့တာ"
တိုကပ်နေသော ဂျင်းဘောင်းလေးနှင့် ခါးတိုအင်ကျိလေးက
မေမေအမြင်မှာတော့ကြည့်မကောင်းမှာ အမှန်ပင် ကိုယ်နဲ့
မေမေကိုကပြသားတစ်လမ်း သံတစ်လမ်း။"မိနိုင်တစ်ယောက်ဟာလေ ဒီလိုမျိုးဝတ်စားတာမကြိုက်ဘူးလို့
မေမေဘယ်နှစ်ခါပြောရမလဲ""ဟုတ်ကဲ့ပါ ...နိုင်နိုင်ကိုဘာပြောမလို့လဲ..."
"သြော်...သမီးပုံမြင်တာနဲ့ပြောမဲ့စကားတောင်မေ့သွားတယ်
ညည်းအဖွားဒေါ်ဝေဝေလားမယ်"ရော ပြသာနာဘဲ
"ဘယ်တုန်းကသိတာလဲ"
"ခုနဘဲဖုန်းဝင်လာတာ..."
အယောင်ယောင်မှားမှားနဲ့ခေါင်းကိုကုပ်လိုက်တော့
ဟိုက် သွားပြီ။
ခေါင်းမှာပေါင်းထားတဲ့မျက်နာသုပ်ပဝါကြိး ကျွတ်ကျသွားသည်း။
"ဟင် နိုင်နိင် ညဉ်းခေါင်းက ...ဘာအရောင်တွေလဲ..."
"ဟို အဲ့တာ"
နိုင်နိုငိစကားမဆုံးခင်မှာဘဲ မေမေရဲ့လက်တစ်စုံဟာ ဉီးခေါင်းပေါ်တစ်သား
ထဲကျလာတယ်"ခွက်..."
အာလူးသီးထသွားတဲ့ ခရမ်းရောင်ခေါင်းကိုပွတ်ရင်း
"အား...နာတယ်လို့ မေမေကလဲ အခုခေတ်ကဒါမျိူးဆိုးမှ
အပြိုင်လှနိုင်မှာလေ ဘာလဲကိုယ်သမီးချောလေးကိုပိုမလှချင်
တာလားပြော..."
YOU ARE READING
မမလူဆိုး
Non-Fictionကဗျာတစ်ပိုဒ်လောက် တို့ ရေးချင်တယ် စာလုံးတွေးတိုင်းက သူ့အငွေ့သက်လေးတွေခြံရံလို့📄