part 17

2.5K 174 4
                                    

<Unicode>

မနက်ခင်းနေရောင်ခြည်နုနုလေးတွေက ပြတင်းတခါးမှန်တွေကနေတဆင့် ကောင်လေးမျက်နှာပေါ်ကို ဖြာကျနေတော့  ရိပေါ်ခါးပေါ် ဖက်ထားတဲ့ လက်လေးကို ဖြည်းဖြည်းလေး မ,ကာ ကုတင်ပေါ်ကအသာဆင်းပြီး ပြတင်း ကန့်လန့်ကာလေးကို ဆွဲပိတ်လိုက်မိတယ်။

မနက် ၂နာရီလောက်မှာ အဖျားတွေပြန်တက်လာတဲ့ကောင်လေးက ရေပတ်ဘယ်လောက်ပဲတိုက်ပေးပါစေ အဖျားတွေကမကျ။

ချမ်းတယ်ဆိုပြီး ရေပတ်တိုက်ပေးနေတဲ့ ရိပေါ်လက်ကို အတင်းလာဆွဲဖက်တာမို့ မတတ်နိုင်တဲ့အဆုံး ဘေးမှာအသာဝင်လှဲပြီး ရင်ခွင်ထဲထည့်ကာ ဖက်ထားပေးရတယ်။ရင်ခွင်ထဲ အတင်းတိုးဝင်ပြီး ခြေထောက်သေးသေးလေးတွေနဲ့ပါ တက်ခွထားတာမို့ လှုပ်ရှားလို့မရသလို တညလုံး ကလေးလို တအီအီလုပ်နေတာမို့ ကျောကိုဖွဖွလေးပွတ်ရင်းချော့သိပ်ရသေးတယ်။မနက် ၄နာရီလောက်မှ အဖျားတွေပြန်ကျသွားပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတဲ့ ကောင်လေးက ခုထိပဲ။

' အင်း..အဲ ´ အသံပိစိလေးတွေထွက်ပြီး လူးလွန်လာတာမို့ ပြုံးလိုက်မိတယ်။ အိပ်ယာထတာတောင် ချစ်ဖို့ကောင်းလွန်းတာမို့  မနက်တိုင်း မင်းနဲ့အတူနိုးထနိုင်မယ့်နေ့ကို ကိုယ်စိတ်ရှည်ရှည်နဲ့တောင် စောင့်မနေချင်တော့ဘူး။

' ဘေဘီ ဘယ်လိုနေသေးလဲ ´

ချက်ချင်းဆိုသလို ငေါက်ခနဲထကာထိုင်ပြီး ရိပေါ်ဘက် မျက်လုံးအဝိုင်းသားနဲ့ကြည့်လာတယ်။

' ကိုကို..?´
' တညလုံး လူကိုဖက်အိပ်ပြီး ခွတက်ထားတာတောင် မသိဘူးလို့တော့ ကိုယ့်ကိုမပြောနဲ့နော်´

ပါးပြင်နုနုလေးတွေကို ဖွဖွလေးပွတ်သပ်ရင်းဆိုတော့ ရှောင်းကျန့်က မျက်ခေါင်းခါပြတယ်။

' ကိုကို လာမယ်ပြောတာကျနော်မှတ်မိပါတယ်နော် ´

တကယ်တော့ ဘာမှကိုမသိလိုက်တာပါ။ ရှောင်းကျန့်က နေမကောင်းဖြစ်ရင် တော်တော်ဆိုးတယ်။လူငွေ့မရရင် တအီအီလုပ်တာတို့ အအိပ်ဆတ်တဲ့သူဆိုရင် ယောင်ယမ်းသံတွေကြောင့် အိပ်မရတဲ့အထိ ဖြစ်တာတို့လေ။

Hăo Jiŭ Bù Jiàn(好久不见)(Completed )Where stories live. Discover now