ဘယ်သူတုန်းကွ

4.7K 1.1K 49
                                    

Unicode

စူးရှတောက်ပနေသောနေရောင်အောက်၌
မျက်မှောင်ကြုံ့ကာဒေါသတကြီးဖုန်းဖြေနေသော
ကောင်လေးတစ်ယောက်ရှိနေလေသည်။

''ခင်ဗျား ကျွန်တော်နဲ့ကျွန်တော့်အမေကိုစွန့်ပစ်ခဲ့ပြီး
မယားငယ်နောက်လိုက်သွားတဲ့အချိန်တုန်းက
ကျွန်တော်အထားမခံရဖို့သေလောက်အောင်
တောင်းပန်ခဲ့တယ် အဲ့ဒီအချိန်တုန်းက
ခင်ဗျားတစ်ချက်လေးတောင်လှည့်ကြည့်ခဲ့လို့လား''

''အခုကျွန်တော်တို့ခင်ဗျားကိုလိုတော့ဘူး''

''မစ္တာကျွင်း ခင်ဗျားကျွန်တော့်ကို ထပ်ဆက်သွယ်ပါနဲ့တော့''

ရှောင်မုစိတ်တိုစွာဖုန်းချလိုက်တာ အခန်းမျက်နှာကျက်ကိုသာ အချိန်အတော်ကြာစိုက်ကြည့်လျက်
ခေါင်းပြန်ငုံ့လာသောအချိန် မျက်ဝန်းများဟာ
ရဲရဲနီနေခဲ့သည်။ ရှောင်မုကိုယ့်ကိုယ်ကိုတည်ငြိမ်
အောင်လုပ်ရင်း စားပွဲပေါ်တင်ထားသော ဟန်းဖုန်း
နှင့်ဂျာကင်ကိုယူကာ အနီးဆုံးဘားဆိုင်ဆီ
ထွက်လာလိုက်သည်။

ရှောင်မုလက်ထဲမှ ဖန်ခွက်အား စိတ်လိုလက်ရ
သောက်ချလိုက်ကာ တည်တည်တံ့တံ့မျက်နှာထား
ဖြင့် ရှောင်မုရှေ့မှ ဝိတ်တာအား လိမ္မော်ရည်နောက်တစ်ခွက် ထပ်တောင်းပြန်သည်။

ရှောင်မုမျက်နှာမှာ အချဉ်ဓာတ်ကြောင့်
ရှုံ့တွန့်နေလေပြီ။ စားပွဲမှ ခွက်လွတ်ခုနှစ်ခွက်ကို
ကြည့်ကာ အယ်လ်ကိုဟော သောက်ထားသလိုလုပ်ကာ လိမ္မော်ရည်မူး မူးနေလေသည်။

ထောင့်စွန်းဝိုင်းအမှောင်ကျနေသောနေရာမှ
လူတစ်ယောက်ရှောင်မုကိုစူးစူးစိုက်စိုက်
ကြည့်ကာ မျက်ဝန်း၌အနည်းငယ်သော
ပိုင်ဆိုင်လိုမှုများရှိနေခဲ့သည်။
ထို့နောက်ရှောင်မုအဆောင်ဆီပြန်သည့်လမ်း
တစ်လျှောက်လုံးစောင့်ကြည့်ကာ
လုံလုံခြုံခြုံပြန်ရောက်ပြီဆိုမှ ကုမ္မဏီထံ
ပြန်လေသည်။

ငါ့ကိုငွေနဲ့ပေါက်မယ့် အန်တီကြီးရောက်လာပြန်ပြီ(Uni&Zawgyi)Where stories live. Discover now