ကြွက်သားအမြှောင်း

4.6K 1K 26
                                    

Unicode

ရှောင်မုထမင်းစားဝိုင်း၌ သူမရှိသကဲ့သို့
အေးအေးလူလူပင် စကားပြောနေကြသည့်
သူ၏အမေနှင့် လုပ်အားပေးနေ့တုန်းက
ကျောင်သားအထင်နှင့်သူမှားဆွဲလာမိလာသော
လူကြီးတို့အားဝင်မနှောင့်ယှက်တော့ဘဲ
ထမင်းကိုသာအသားကုန်ငုံ့စားနေတော့သည်။

ရှောင်မုသဲကြီးမဲကြီးစားနေတုန်း သူ၏ပန်းကန်
ထဲသို့ရှောင်မုကြိုက်သောဝက်အသားလုံးပေါင်းအား ထည့်ပေးလာသောလူကြီးအား
ရှောင်မုမထင်မှတ်စွာမော့ကြည့်လာလေသည်။
ရှောင်မုမော့ကြည့်လာသည်ကိုမြင်တော့
ထိုလူကြီးကား ဖြည်းဖြည်းစားဟုဆိုကာ
သူ့အားရေခွက်ပေးလာလေသည်။
ထိုအပြုအမူကို ချိုးချင်းဟွာမြင်သည်နှင့်
မျက်လုံးမှကြယ်များဘလင်းလင်းဖိတ်စင်နေ
သကဲ့သို့ ဝမ်းသာအားရပင်ပြောလာသည်။

''ရှောင်မု သား အိုးရန်ကိုကောင်းကောင်းဆက်ဆံင့်တယ် အခုကြည့် သူဘယ်လောက်မင်းကိ
ကရုစိုက်ပေးလဲဆိုတာ''

''အန်တီအစိုးရိမ်လွန်နေပါပြီ ကျွန်တော့ကိုရှောင်မုကောင်းကောင်းဆက်ဆံပါတယ် ရှောင်မုကို
အထင်လွဲပါနဲ့''

''ဟုတ်ပါတယ်မေ ကျွန်တော်သူ့ကိုကောင်းကောင်းကရုစိုက်ပါတယ်''

ရှောင်မု သူတစ်ခါသာတွေ့ဖူးပြီး လုံးဝမသိသော
ထိုလူကြီးအားမော့ကြည့်လျက် အာခေါင်တွင်းမှ
ထွက်လာသောလေသံဖြင့်ဆိုလေသည်။

ရှောင်မုကိုယ်လက်သန့်စင်ပြီးသည်နှင့်
ပစ္စည်းများကို နေရာတကျထားကာ
ဖုန်းတစ်လုံးနှင့်အိပ်ရာဝင်ရန်ပြင်နေတုန်း
တံခါးခေါက်သံကြာလိုက်ရသောကြောင့်
စိတ်ရှုပ်ရှုပ်ဖြင့်ထဖွင့်လေသည်။

''အန်တီက မင်းအခန်းမှာအိပ်တဲ့''

ငါ့ကိုငွေနဲ့ပေါက်မယ့် အန်တီကြီးရောက်လာပြန်ပြီ(Uni&Zawgyi)Where stories live. Discover now