Part 1

3.7K 111 4
                                    

Zawgyi

ကျတော် ပထွေးကို သဘောမကျခဲ့ဘူး ဆိုပေမဲ့ အမြဲ အလိုက်တသင့် နေပေးခဲ့တယ် သူက အမေ့ကို အမြဲအနိုင်ကျင့်တယ် အမေဘာလို့ သူ့ကိုယူခဲ့လဲတော့ ကျတော်မသိဘူး အမေဆုံးသွားပြီးတည်းက သူပိုက်ဆံကို မရမက ရှာနေတာကို သတိထားမိတယ် ကျတော်လဲစကားပြောချင်တော့ မမေးဘူး ကျတော်သူ့ကို အဖေရင်းတျောက်လို သဘောထားခဲ့တယ် ခေါ်တာကအစ အဖေ လို့ဘဲခေါ်တာမျိုးပေါ့ သူက ပိုက်ဆံရမယ် ဆိုဘာဘဲလုပ်ရလုပ်ရ အကုန်လုပ်တယ် သူကျတော့်ကို စောက်ရှောက်ခဲ့တယ်လို့ ကျတော် မြင်ခဲ့တယ် ဒါပေမယ့် ကျတော်ထင်သလို ကျတော့်ကို ကောင်းစေချင်လို့ စောက်ရှောက်တာမဟုတ်ဘူးဆိုတာ ကျတော်ခုမှ သိလိုက်ရတယ် ဖွတ်ထွက်မှ တောင်ပို့မှန် သိသလိုပေါ့ဗျာ ကျတော် သူ့ကိုစိတ်မဆိုးပါဘူး သူက ကျတော့်ကို လေးနှစ်လောက်ကျွေးမွေးခဲ့တာလေ အထက်တန်းဘွဲ့ရတဲ့ အထိပေါ့ အဲ့ဒါက တနေ့ သူကျတော့်ကို

'Seokjin... မြန်မြန်လုပ်လေ...ခရီးသွားရမာကို ဘာလို့ ကြာနေတာလဲ'

'ပြီးပါပြီ အဝတ်တော့ထည့်ရသေးတာပေါ့ ကောဖို့ဘဲသိတယ်'

ပြောရင်းဆိုရင်းပင် အဝတ်အိတ်ကို ကားနောက်ဖုံးထဲ ထည့်လိုက်သည်

'ဟိုကျရင် အဝတ်မှ မလိုတာကွာ'

ကိုယ်ပြောတဲ့စကား ကိုယ်သာကြားရသော အသံနှုန်းဖြင့် ကားမောင်းတဲ့ ခုံမှနောက်ကြည်မှန်ကြည့်ရင်း အောင်နိုင်သူ အပြုံးဖြင့် ပြောနေသူကို seokjinတယောက်သိလိုက်မည် မထင်

'အဖေ...ဘာလို့ ညဘက်ကြီးသွားတာလဲဟင်... မနက်မှသွားလဲ ရတာကိုး'

'ဘယ်အချိန်ဘဲ သွားသွားရောက်ရင်ပြီးရော မို့လား မင်းတိတ်တိတ်သာနေ'

သူနဲ့စကားမများချင်တော့ အ့ဒါကြောင်းဖုန်းလေးထုတ်ကာ ig ဘဲသုံးနေမိသည် ဖုန်းသုံးရင်း မျက်စိညောင်းတော့ ဘေး ပြတင်းပေါက်ကြည့်တော့မှ လူသူမရှိတောတန်းဆီ ရောက်နေပြီဖြစ်သည် ရုတ်တရက် ကားကိုရပ်လိုက်ပြီး သူအပြင်ကိုထွက်လာသည် seokjinတခါးဘက်လာကာ

'အဖေ...ဘာလုပ်...'

seokjinစကားမဆုံးသေး ကားပေါ်မှအတင်းဆွဲခေါ်ကာ မျက်လုံးအား အဝတ်စအမဲဖြင့် စည်းလေသည် seokjinတယောက်ဘာပြောရမလဲမသိ အံ့သြမင်သက် နေသည် သူကျတော့်လက်ကိုအတင်းဆွဲကာ တောအုပ်ဘက် လမ်းလျှောက်သွားသည်ကို သိသည် တနေရာရောက်သည်ထင်သည် သူလမ်းလျှောက်တာကို ရပ်ကာ

Sold to the Mafia BossWhere stories live. Discover now