အန်တီကြီးထပ်ရောက်လာပြန်ပြီ

4.5K 1K 105
                                    

Unicode

ရှောင်မုကျောင်းသို့ပြန်ရောက်သည်နှင့် လေအားရပါးရပင်ရှူလိုက်ကာ ကျောင်းတော်အား
ဂုဏ်ယူဝင့်ကြွားစွာကြည့်နေလေသည်

အထုတ်များအားဆွဲကာ အဆောင်ခန်းတွင်းသို့ဝင်ပြီး ကျို့ဟန်အားဒေသထွက်လက်ဆောင်ဖြင့်ပစ်ပေါက်လိုက်ကာစိတ်လွတ်ကိုယ်လွတ်ကုတင်ထက်
လဲလျောင်းလိုက်လေသည်

ရှောင်မု မင်းတကယ်ငါ့အတွက်မမေ့ဘူးဆိုတာငါသိသားဘဲ

ကျို့ဟန်၏ဝမ်းပန်းတသာပြောနေသည်ကို
လျစ်လျူရှူလိုက်ရင်း ကျို့ဟန်ပြောလိုက်သော
စကားတစ်ခွန်းကိုကြားလိုက်သည်နှင့်
ထိတ်လန့်တကြီး ထကာကျို့ဟန်လက်အားဆွဲရင်း
မဟုတ်ပါနဲ့ဟုဆုတောင်းကာထပ်မေးလိုက်လေသည်

ငါပြောတာ မင်းဒီမှာမရှိတုန်း အထက်တန်းကျကျ
အန်တီတစ်ယောက်မင်းကိုလာရှာသွားတယ်လို့

ကျို့ဟန်ကရုမစိုက်စွာပြောလိုက်သည့်စကားကြား
လိုက်ရတော့ ရှောင်မုရဲ့မျက်နှာမှာတစ်စတစ်စ
စိတ်သက်သာရာရသလိုနှင့်ထပ်ပြီးကြေကွဲနေဟန်
ပြလာလေသည်

တော်သေးတာပေါ့ငါ့ကိုရှာမတွေ့လို့ ရှောင်မုစိတ်ထဲတွေးကာ သက်ပျဉ်းချလေသည်

စာသင်နှစ်ပြန်စလေပြီ

ရှောင်မုလည်းလူငယ်သဘာဝတက်တက်ကြွကြွ
ပင် စာသင်ရင်း ပျင်းရိရင်းဖြင့် တစ်ရက်တစ်ရက်ကုန်ဆုံးလေသည်

ရှောင်မုကျို့ဟန်ကိုကုန်တိုက်ရှေ့၌ နာရီဝက်ခန့်
စောင့်နေရင်းမှစိတ်မရှည်တော့ဘဲ ဖုန်းဆက်ကာ
ကျို့ဟန်အားအပြစ်တင်လေတော့သည်

ခွေးကောင် မင်းဘယ်တော့ရောက်မှာလဲ ငါစောင့်တာဖြင့်ကြာနေပြီ

ကျို့ဟန်ကလည်း အကြောင်းပြချက်ကောင်းကောင်းပေးလာလေသည်

ကားလမ်းတွေကြပ်နေလို့ပါကွ ငါလည်းမတတ်နိုင်ဘူး

မင်းဆိုင်တစ်ဆိုင်ဆိုင်မှာစောင့်နေလိုက်ဦး
ငါရောက်တော့မယ်

ကျို့ဟန်ရှောင်မုနှင့်ငြင်းခုံပြီးပြီးချင်း ကားဆီပြန်သွားကာ ကောင်မလေးအား အီစီကလီလေတော့သည်

ငါ့ကိုငွေနဲ့ပေါက်မယ့် အန်တီကြီးရောက်လာပြန်ပြီ(Uni&Zawgyi)Where stories live. Discover now