သားအဖဆက်ဆံရေး

4.3K 1K 7
                                    

Unicode

ရှောင်မုသေလုမတတ်ထွက်ပြေးလာခဲ့သည်မှာ ကျောင်းဆောင်ရောက်တော့မှ စိတ်သက်သာရာ
ရကာရပ်တန့်လေတော့သည်

ဟူးတော်သေးတာပေါ့ ငါ့ကိုလိုက်မမီလိုက်လို့

ဂျာကင်အတွင်းမှခပ်တိုးတိုးဖုန်းတုန်ခါသံထွက်လာသောကြောင့် ရှောင်မုအသက်ရှူသံပြင်းပြင်း
ဖြင့်ပြန်ဖြေလာလေသည်

အေး...ပြော

မင်းဘယ်ရောက်နေတာလဲ ဆိုင်မှာလည်းမစောင့်နေဘူး

ကျို့ဟန် ကုန်တိုက်အနီးနေရာစုံဆိုင်စုံမှာရှာသော်လည်း ရှောင်မုအားမတွေ့သောကြောင့်
မကျေနပ်သံဖြင့် အတွန့်တက်လေတော့သည်

ငါကျောင်းအဆောင်ပြန်ရောက်နေပြီ
မင်းဘဲတစ်ယောက်တည်းသွားလိုက်တော့
ဒီမှာပြသာနာနည်းနည်းတက်နေလို့
တောင်းပန်ပါတယ်ကွာ နောက်တစ်ခါမှဘဲ
လိုက်တော့မယ်

ရှောင်မုပြောအပြီး ကျို့ဟန်၏ဒလဟောဆဲဆိုသံ
တညံညံထွက်လာကာ ကျို့ဟန်မှစိတ်ဆိုးမာန်ဆိုးဖြင့်
ဖုန်းချလိုက်လေသည်

ရှောင်မုဖုန်းအားပြန်သိမ်းလိုက်ပြီး
ကျောင်းဆောင်ရှေ့၌ ရှောင်မုအား
မဝံမရဲငေးကြည့်လာသောလူအားကြည့်ရင်း
နာကြင်မှုအားဒေါသနှင့်ဖုံးကာ
ထိုလူအား စောင်းငဲ့မကြည့်ဘဲ
ခက်ထန်စွာကျောင်းအဆောင်ဂိတ်ထံ
ဖြည်းဖြည်းမှန်မှန်လျှောက်လာလေတော့သည်

ရှောင်မုဂိတ်တံခါးထံရောက်သည်နှင့် ထိုလူသည်
ရှောင်မုလက်အားဆွဲပြီး ဝမ်းနည်းစွာတောင်းဆို
လာလေသည်

ရှောင်မု အဖေနဲ့ပြန်လိုက်ခဲ့ပါကွာ
မုံ့မုံ့လည်းမင်းကိုအမေအရင်းတစ်ယောက်ထက်
မနည်းတဲ့မိခင်မေတ္တာနဲ့မင်းကို ချစ်မှာပါ

သူ၏ထိုအဖေဆိုသည့်လူထံမှ ရှောင်မုအမုန်းဆုံး
လူအမည်ကြားလိုက်သည်နှင့်
ကျွင်းချောင်ထင်းထံခပ်စူးစူးကြည့်ကာ
ဆွဲထားတာလက်အား အားပြင်းပြင်းဖြင့်ပုတ်ထုတ်လိုက်ကာ ဒေါသကြီးစွာပြောလိုက်လေသည်

ငါ့ကိုငွေနဲ့ပေါက်မယ့် အန်တီကြီးရောက်လာပြန်ပြီ(Uni&Zawgyi)Where stories live. Discover now