ကိုယ်ခံအားကိုအရင်မြှင့်ပေး

4.3K 1K 52
                                    

Unicode

ရှောင်မု ပန်းချီအားအချောသပ်ကာ စုတ်တံအား
ညင်သာစွာချလိုက်ပြီး ပြီးပြည့်စုံနေသော
ပန်းချီကားချပ်အားကြည့်ကာ ပိုပိုပြီးပြုံးလာလေတော့သည်

ထို့နောက်ကိုယ့်ကိုယ်ကိုချီးကျူးကာ ပန်းချီကားအား ဂုဏ်ယူမှုအပြည့်ဖြင့် အခန်းထောင့်တစ်နေရာသို့ နေရာချလိုက်ကာ ထပ်ခါထပ်ခါ
ကြည့်လေတော့သည်
ထိုယွမ်10သန်းတန်ချက်လက်မှတ်ပုံ
ပန်းချီကားချပ်၌ အသက်ဝင်ကာ လှပစစ်မှန်နေခဲ့သည်

ရှောင်မုကျောင်းဝင်းအပြင်ကိုမရောက်မီ
ကျောင်းသူများ၏ အော်ဟစ်သံများမှာ
ရှောင်မုနားစည်ထဲကန့်လန့်ဝင်ရောက်နေလေသည်
ရှောင်မု အော်ဟစ်သံ၏အဓိကအကြောင်းရင်းအား စိတ်ဝင်စားစွာ ဘေးဘက်ပတ်ကြည့်လိုက်သည်နှင့် ရှောင်မုတွေ့ပါပြီ တရားခံမှာ
ကျောင်းဝင်းဝင်ပေါက်၌ အကန့်အသတ်ထုတ်ထားသော ကားပေါ်မှီကာ အော်ဟစ်နေကြသော
ကျောင်းသူများ၏အသံများအား မကြားသည့်နှယ် အေးစက်လှသောမျက်နှာထားဖြင့်
တည်ငြိမ်စွာရပ်နေလေသည်

ရှောင်မုလည်း ထိုစျေးကြီးလှသောကားအား
ပိုင်ဆိုင်သောထိုအိုးရန်လူကြီးအား မနာလိုအားကျ
စွာကြည့်ရင်း အေးအေးလူလူပင် ထိုလူကြီးနှင့်
ကားအားဖြတ်ကျော်လာလေသည်

ရှောင်မု သစ်ပင်ရိပ်များနှင့်အနည်းငယ်အုပ်ဆိုင်း
နေသောနေရာသို့ရောက်သည်နှင့်
ရှောင်မု၏နောက်သို့ တစ်ချိန်လုံးလိုက်နေသော
ကားမှ ကျယ်လောင်စွာဟွန်းတီးကာ
ကားထဲမှ လူကြီးမှ ရှောင်မုအားတက်ရန်ဆိုလာလေသည်

ရှောင်မုလည်း ထိုကားကိုသဘောကျနေသည်မို့
တစ်ချက်မျှပင်မငြင်းဆိုဘဲ ကားနောက်ခန်းကိုဖွင့်
ရန်ပြင်နေတော့သည် သို့သော် ရှောင်မုဘယ်လိုဖွင့်ဖွင့် မပွင့်လာခဲ့ပေ

အရှေ့မှာလာထိုင်

မောင်းသူနေရာမှ ထိုလူကြီး၏ အေးစက်စက်
စကားသံထွက်လာသည်နှင့် ရှောင်မု
လိမ်လိမ်မာမာဖြင့်ပင် အရှေ့ခုံဆီဝင်ထိုင်လေသည်

မင်းပါးကဒဏ်ရာသက်သာပြီလား

ဟုတ်ကဲ့ အတော်လေးသက်သာနေပါပြီ

ငါ့ကိုငွေနဲ့ပေါက်မယ့် အန်တီကြီးရောက်လာပြန်ပြီ(Uni&Zawgyi)Where stories live. Discover now