"ဒီနေ့ဖြစ်နိုင်ရင်မသွားပါနဲ့လားကိုရယ်....ငယ့်စိတ်တွေလေးနေတယ်...."
"ဘာမှမဖြစ်ပါဘူး...မိန်းမရယ်...ကိုယ့်အန္တရယ်ကိုယ်
ရှောင်ပါ့မယ်...တခုခုဆိုကိုယ့်မိန်းမလေးမျက်နှာကိုမြင်ယောင်ပြီးအသားကုန်ပြေးမှာစိတ်ချ..."28.2.2021 ပြည်လုံးကျွတ်သပိတ်ကြီးအတွက်တက်ကြွနေတဲ့ယောက်ျားဖြစ်သူကိုမရမှန်းသိပေမဲ့လဲတားနေမိသည်....
အရင်နေ့များနှင့်မတူဘဲ လေးပင်နေသောမိမိစိတ်ကြောင့်တားနေရသည်....."ကိုရယ်...ငယ်တောင်းပန်ပါတယ်...ဒီနေ့တော့မသွားပါနဲ့...."
"ကဲ...ငယ်...ကိုပြောပြီးပြီလေ...ဒီတိုက်ပွဲကိုကိုယ်တို့မှမတိုက်ရင်ဘယ်သူတိုက်မှာလဲ...."
"ကို...!ငယ့်စကားကိုနားမထောင်ဘူးလား..."
"ကဲမဆိုးနဲ့တော့...ကိုပြန်လာရင်စိတ်ကောက်နေတဲ့ကိုယ့်မိန်းမလေးကိုချော့မယ်နော်....အခုကိုသွားတော့မယ်....ငယ်က အိမ်တံခါးတွေသေချာပိတ်...သတိနဲ့နေ...ဟုတ်ပြီလား.... "
ငယ့်နဖူးလေးကိုနမ်းပြီးကျောခိုင်းကာထွက်သွားတဲ့ယောက်ျားဖြစ်သူရဲ့နောက်ကျောလေးကိုငေးကြည့်ကာ...
"ကိုပြန်လာပြီးချော့မယ်အချိန်ကိုငယ်စောင့်နေမယ်....ကိုဝမ်းသာရမဲ့အကြောင်းလေးကိုလဲငယ်ပြောပြမယ်ကို..."
တနေ့ကုန်လမ်းထဲတွင်ပြေးဝင်လာသောဆန္ဒပြသောကျောင်းသားလေးများကိုကူညီရ လမ်းအတွင်းလုံခြုံရေးချနေသည်များကိုကူညီရနှင်ယောက်ျားဖြစ်သူကိုဖုန်းဆက်ဖို့ကိုမေ့နေသည်အထိပင်....
"အာ့..."
ရပ်ကွက်အတွင်းလာရောက်ပုန်းနေကြသောကလေးငယ်များကိုကျွေးမွေးရန်ချက်ပြုတ်နေစဥ်လက်ကိုဓားထိမိလေတော့စိတ်ကယောက်ျားဖြစ်သူထံရောက်သွားလေတော့ဖုန်းကိုယူကာချစ်ရသောသူထံဖုန်းလေးခေါ်မိလေသည်...
"ဟယ်လို..."
"ဟယ်လို...ကို...ကိုမဟုတ်ဘူးလား..."
"ဒီဖုန်းပိုင်ရှင်ရဲ့မိသားစုဝင်လားမသိဘူး..."
"ဟုတ်...ဟုတ်ပါတယ်...ကျွန်မသူ့မိန်းမပါ...
ကို...ကိုရော...ကျွန်မယောက်ျားဘာဖြစ်လို့လဲ...""ကျွန်တော်ပြောရမှာစိတ်မကောင်းပေမဲ့...အမယောက်ျားနိုင်ငံအတွက်အသက်ပေးသွားပြီ...
**** ဆေးရုံကိုအမြန်ဆုံးလိုက်လာပေးပါနော်...."တစ်ဖက်ကလူရဲ့စကားသံအဆုံးမှာငယ်
တစ်ယောက်အရုပ်ကြိုးပျက်လဲကျလေသည်...."ကို...ကိုပြောတော့ငယ့်မျက်နှာလေးမြင်ယောင်ပြီးပြေးမယ်ဆို...ကိုရေ..."
"စိတ်ထိန်းပါအုန်းညီမရယ်...ထလာမောင်လေးနောက်ကိုလိုက်ကြရအောင်...လာ..."
ရပ်ကွက်ကလူများ၏အကူအညီဖြင့်ဆေးရုံသို့အပြေးလေးရောက်လာရသည်....
ငယ်ဆေးရုံကိုရောက်သွားတော့လူအများကြားတွင်သွေးများဖြင့်လဲလျောင်းနေသောယောက်ျား၏ခန္ဓာကိုယ်ကအသက်မဲ့စွာ...."ကို....ကိုရေ...ထပါအုန်း...ကိုပြောတော့ပြန်လာရင်ငယ့်
ကိုချော့မယ်ဆို...ကို...ထအုန်း...ကိုပြန်လာရင်ချော့မယ်အချိန်ကိုငယ်စောင့်နေတာလေ...ထပါအုန်း...ငယ့်ကိုထချော့ပါအုန်း....ကို...ငယ့်ဗိုက်ထဲမှာကို့ရင်သွေးလေးရှိနေပြီလေ...ကို....ငယ်ဘယ်လိုဖြေရမလဲ...နိုင်ငံကိုချစ်လှပါတယ်ဆိုတဲ့နိုင်ငံ့သားကောင်းကြီးရဲ့..."မိန်းမတစ်ယောက်ရဲ့ကြေကွဲစွာငိုကြွေးအော်ညည်းနေသံကဘေးပတ်ပတ်လည်တွင်ရှိသောယောက်ျားအရင့်အမာကြီးတွေရဲ့ရင်ကိုအစိမ်းလိုက်ခွဲကာမျက်ရည်များကျဆင်းလာလေသည်အထိစွမ်းအားကြီးမားနေလေသည်....
#ယွန်းမြတ်ခြယ်
28.2.2021
10:02PMဒီနေ့တော့တကယ်အဆင်မပြေဘူးကွယ်
တနေ့ကုန်တက်လာသမျှသတင်းတွေကစိတ်ချမ်းသာစရာတစ်ခုမှမရှိဘူး
အားလုံးပဲဂရုစိုက်ကြပါ