Chapter - 43

4.9K 993 34
                                    

[Unicode]

{ကန်စွန်းဥနဲ့ငချိတ်ဆန်ပြုတ်}

သူတို့တွေ Hမြို့ကိုသွားမယ်ဆိုတာ ဆုံးဖြတ်ပြီးပြီဖြစ်သော်လည်း ရှန်ဖူက လင်ရှုယီကို အိမ်ကိုချက်ချင်းခေါ်သွားဖို့ စီစဉ်မထားပါချေ။ နောက်ပြီး လင်ရှုယီကို သူ့အိမ်ကိုအလည်လာအောင်ပြောဖို့ အကြောင်းပြချက်ကို ရှန်ဖူ မစဉ်းစားရသေးပေ။ ဒါ့အပြင် သူသာ လင်ရှုယီကို အလောတကြီးအိမ်ခေါ်သွားပါက သူ့အဖိုး လန့်သွားပြီး မပြောသင့်တာတွေမပြောပါဘူးလို့ အာမခံဖို့ခက်လှသည်။

နောက်ပြီး လင်ရှုယီက ဆယ့်ရှစ်နှစ်သာရှိသေးသည်။ သူ့ကိုထိဖို့က တကယ်ကို တော်တော်လေးစောလွန်းနေသေးသည်။ ဒါပေမယ့်လည်း လင်ရှုယီကို သူ့အပိုင်အဖြစ်လုပ်မထားလျှင် လမ်းတစ်ဝက်မှာ တစ်ယောက်ယောက်က လင်ရှုယီကို ခိုးသွားနိုင်သည်။ သူ ဘာလုပ်ရမလဲ? ထို့အတွက် ရှန်ဖူ့ရဲ့အကြံက လင်ရှုယီ တစ်ယောက်ယောက်ကိုချစ်မသွားသေးခင် သူ့ရဲ့အရာအားလုံးကို လင်ရှုယီဆီပေးဖို့ဖြစ်၏။ ဒါဆို သူ့ရဲ့ပျော်ရွှင်ရမယ့်နေ့တွေကို သူ မျက်နှာပြောင်တိုက်ပြီး အေး‌အေးဆေးဆေးစောင့်နေနိုင်ပြီဖြစ်၏။

ဒီလိုတွေးပြီး အရမ်းကြီးပျော်ရွှင်မနေသင့်ဘူးဆိုတာ ရှန်ဖူသိသည်။

တစ်ဖက်မှာတော့ လင်ရှုယီက အပြင်ထွက်ကစားဖို့ကို ထိုမျှလောက်အလျင်စလိုဖြစ်မနေပါချေ။ ‌နောက်ပြီး လောလောဆယ် သူ့စိတ်ထဲမှာ ရှီချင်စားသောက်ဆိုင်က အရေးအကြီးဆုံးဖြစ်နေသော်လည်း ရှီချင်စားသောက်ဆိုင်က ပြင်လို့မပြီးသေးပေ။ သူ အိမ်မှာနေလည်း ဘာမှလုပ်စရာမရှိတာကြောင့် နောက်ရက်မှာ Hမြို့ကိုသွားမယ်ဆိုတဲ့ ရှန်ဖူ့ရဲ့အကြံပြုချက်ကို လက်ခံလိုက်သည်။

သူတို့ နောက်ရက်သွားမှာကို အဖိုးအိုယန်သိတာမို့ အဖိုးအိုယန်မှာ သူဘာထည့်ပေးလိုက်သင့်လဲစဉ်းစား‌ရင်း ရှေ့လျှောက်လိုက်၊ နောက်လျှောက်လိုက်ဖြင့် အလုပ်ရှုပ်နေတော့သည်။ သူတို့ ဘာမှမလိုဘူးလို့ ရှန်ဖူတွေးလိုက်မိသော်လည်း အဖိုးအိုယန်က ပျော်ပျော်ရွှင်ရွှင်နဲ့ သူတို့ကိုကူပြီး ပစ္စည်းတွေထည့်ပေးနေတာကိုမြင်သည်၌ အထုပ်အပိုး‌တွေသယ်သွားတာကလည်း ပြသနာမရှိပါဘူးလို့ တွေးလိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် သူက ကိုယ်တိုင်ကားမောင်းသွားမှာမို့ ပစ္စည်းတွေ ဘယ်‌လောက်ပဲပစ္စည်းအများကြီးသယ်သယ် ကိစ္စမရှိပေ။

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now