<Unicode>
၃ရက်..ဟုတ်တယ်..၃ရက်ရှိပြီ။
ရိပေါ် ကျောင်းကနေ ခွင့်ယူပြီး လေ့ကျင့်ရေးဆင်းနေတာ။အရင်နှစ်ကတော့ ပြိုင်ပွဲအတွက်ဆိုပြီး သီးသန့်အချိန်ယူလေ့ကျင့်တာမျိုးမရှိ။ကျောင်းပိတ်ရက်တွေနဲ့ ညနေအတန်းဆင်းချိန်တွေမှာ လေ့ကျင့်ရုံနဲ့ လုံလောက်ခဲ့တယ်။ဒါပေမယ့် ဒီနှစ်ကျ မတူဘူး။ကိုယ့်ကောင်လေးအတွက်ကြောင့်ပိုပြီး ကြိုးစားဖြစ်တာလည်းပါတယ်။ကောင်လေးကတော့ ပြောရှာပါတယ်။
( နောက်ဆုံးနှစ်မို့ စာဘက်ကိုဘဲ ပိုအာရုံစိုက်ပြီး နောက်နှစ်တွေမှ ပြိုင်ပွဲပြန်ဝင်လို့မရဘူးလား )တဲ့။ရိပေါ်ကလည်း ကိုယ့်အစီအစဉ်နဲ့ကိုယ်ဆိုတော့ နဲနဲတော့ ခေါင်းမာရတာပေါ့။ပြီးတော့ ရိပေါ်ရဲ့ ခေါင်းမာမှုကို ကောင်လေးကပြောပါသေးတယ်။(အဲ့တာက ခေါင်းမာတာမဟုတ်ဘဲ လည်ပင်းမာတာပါ)တဲ့။ဟုတ်တာပေါ့ လည်ပင်းမာနေလို့ပဲ ဘယ်လောက်ပြောပြော ခေါင်းညိတ်လို့မရတာပေါ့။
ခုတော့ ..ခွင့်ယူပြီး လေ့ကျင့်ရေးကွင်းကို ဆင်းကတည်းက မတွေ့ရတဲ့ မျက်နှာလေးကို တွေ့ချင်နေတာ အရူးတပိုင်းမဟုတ်ဘဲ အရူးလုံးလုံးကို ဖြစ်နေပြီ။ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပေါ့။
( V call မခေါ်ရဘူး..ဖုန်းမခေါ်ရဘူး..လာမတွေ့ရဘူး )ဆိုတဲ့ ရှောင်းကျန့်ရဲ့ ဘူး ၃လုံး စည်းကမ်းချက်ကြောင့်ပေါ့။ကြံကြံဖန်ဖန်ပဲ။ အဲလို စည်းကမ်းလည်းထုတ်တတ်ပါပေ့ ကောင်လေး။တော်ပါသေးရဲ့ မက်ဆေ့ခ်ျ မပို့ရဘူးဆိုတာ စည်းကမ်းချက်ထဲ မပါလို့။
💬ဘေဘီကျောင်းသွားပြီလား
💬လွမ်းတယ်ဘေဘီ
💬ကိုယ့်ကိုကော မလွမ်းဘူးလား
💬ဘေဘီ မျက်နှာလေးမတွေ့ရတော့ ကိုယ် ပင်ပန်းလိုက်တာ
💬အစားအသောက် ကောင်းကောင်းစားရဲ့လားဘေဘီ
တခေါက်နားလို့ မနက်ထဲက တန်းစီပြီးပို့ထားတဲ့မက်ဆေ့ခ်ျတွေက ပြန်စာမလာတဲ့အခါ ရိပေါ်သဘောမကျ။ဖုန်းမခေါ်ရဘူးလို့ စည်းကမ်းထုတ်ထားပြန်တော့လည်း ခက်ပြန်တယ်။
တနေ့လုံး လေ့ကျင့်ရေးကို စိတ်ထွက်ပေါက်ရှာတဲ့အနေနဲ့ ဖိလုပ်နေမိတယ်။
VOUS LISEZ
Hăo Jiŭ Bù Jiàn(好久不见)(Completed )