ဒီနေ့က February 14 Valentine Day ကျွန်တော်ရောက်နေတာ ပန်းခြံကိုလေ အမယ်လေး အတွဲတွေများ မပြောချင်တော့ဘူး လုပ်ချင်တိုင်းလုပ် ဖြစ်ချင်တိုင်းဖြစ်နေကြတာ ပတ်ဝန်းကျင်တောင် ဂရုမစိုက်
ကျွန်တော် ကောင်လေးတစ်ယောက်ကို ရပ်ကြည့်နေတာကြာပြီ သူစိတ်ဝင်တစား ကြည့်နေတာ သစ်ပင်အကွယ်ကနေ ကျွန်တော်လည်း ကောင်လေးနားကိုသွားပြီး
ဟိတ်ကောင်လေး မင်းဘာလုပ်နေ တာလဲ
Shoo!!! ရှုး....
ကောင်လေးကြည့်နေတဲ့နေရာကို လိုက်ကြည့်မိတော့ အတွဲလေးတွေ အများကြီးထိုင်နေကြတယ်
သြော်...မင်းကအတွဲချောင်းနေတာပေါ့ လေ ဟုတ်လား
Shoo!!! ရှုး...
အယ် ဒီကောင်လေး Shoo!! ပဲ လုပ်တတ်တာလား ဘယ်လိုကောင်လေးပါလိမ့်
ဒါနဲ့ မင်းနာမည်ကဘာလဲ အသက်ကရော
Kai....16 နှစ်
သြော် ဒါဆို ငယ်တာပေါ့ ကောင်လေးရယ် hyung က 17နှစ် နာမည်က DO...မှတ်ထားနော်
DO ရေ သားလေး omma တို့ပြန်မယ်
ဟိတ် ငါ့ omma ခေါ်နေပြီ ငါပြန်တော့မယ် bye...
Shoo!! ရှုး...
aww လုပ်ပြန်ပြီ bye လို့ ပြန်ပြောရင် ငရဲကြီးသွားမှာကျနေတာပဲ တော်သေးတာပေါ့ နာမည်နဲ့ အသက်ပြောပြလို့
ကျွန်တော်လည်း ကောင်လေးအနားက ထွက်လာပြီး Shoo!! သူ့လိုမျိုး နှုတ်ခမ်းလေးပေါ် လက်ညိုးလေးကပ်ပြီး လုပ်ကြည့်လိုက်တယ် ချစ်ဖို့ကောင်းတဲ့ ကောင်လေးပဲ
hyung တဲ့ သူ့ကိုယ်သူ နာမည်တွေရော အသက်တွေရော ဘာလဲဟ မျက်လုံးပြူးပြူးနဲ့ ငါ့နားလာပြီး ဟာ သိဘူးး ကိုယ့်အလုပ်ကိုယ် ဆက်လုပ်မယ်
ဟာ ဟေ့ကောင် မင်းကလည်း ဖက်လိုက်လေ ကောင်မလေးကို pali pali သူများတွေ ကြည်နူးနေတာ မင်းက မတုန်မလှုပ်နဲ့ ဟေ့ကောင် ဟာ..ဒီငကြောင်နဲ့တော့
Kai တစ်ယောက်ထဲ သစ်ပင်အကွယ်ကနေ ရေရွတ်ပြီး သူ့chingu ကို အားမလိုအားမရ
ဖြစ်လို့ တစ်ကယ်တော့ သူအောင်သွယ်ပေးထားတဲ့ အတွဲကို လာချောင်းနေတာလေ
