14.9K 2.1K 8
Unicode
ရှောင်ဖုန်း၏ ဦးခေါင်းကြီးတစ်ခုလုံးထဲ၌လည်း မီးပန်းတွေပင် ပေါက်ကွဲနေသလို။ဒီအခြေနေကြီးက ရှောင်းဖုန်းသာ ရူးမနေခဲ့ရင် နောက်ဘဝ ဆိုသည်ကြီးများလား?
မဖြစ်နိုင်လိုက်တာ။ငါလေး ကြားဖူးတယ်။နောက်ဘဝ ကူးမဲ့လူတွေကို မရဏမင်းက အတိတ်မေ့သေရည် တိုက်လွှတ်ပြီးမှ လူဝင်စားခိုင်းတာဆိုတာ။ဒါကြီးက နောက်ဘဝဆိုရအောင် ပလွတ်ဆိုပြီး မွေးထုတ်လာတဲ့ ကလေးသေးသေးလေးရဲ့ အခြေနေလည်း ဟုတ်မနေဘူးလေ။ရှောင်ဖုန်းဘဝက မှတ်ဉာဏ်တွေက ရှင်းလင်းနေပြီး လုံးဝကို အကောင်းတိုင်းကြီးဟ!
ဒီအတိုင်း အကောင်လိုက်ကြီး။အသက်၂၀ အရွယ်ကြီးမှာ!
ဟုတ်တယ် ရှောင်ဖုန်းရေ မင်းရူးနေတာ။
"ချင်းလန်ရဲ့ ဥသေးသေးလေး'' ဝတ္ထုကို ဖတ်ပြီး ချင်းလန်ရင်းကို သဘောကျလွန်းနေတာ။အဲ့ဒါကြောင့်မို့ စိတ်ရူးပေါက်ပြီး ရှေးခေတ်ရူး အရူးထနေတာဘဲ ဖြစ်မှာ။ဟုတ်တယ် တကယ်ကို အဲ့လိုဘဲနေမှာပါ။
ရှောင်ဖုန်းတစ်ယောက် သူ၏ မျက်စံအနက်လေးကိုဘဲ ဝိုင်းကြီးပတ်ချာလည်နေအောင်အထိ စဥ်းစားနေခဲ့လေသည်။သူ၏ ဤအနေအထားက မိဖုရားကြီးအား ရင်ကွဲမတက် ခံစားရစေသည် ထင်သည်။သမားတော်ကြီးကပင် ရှောင်ဖုန်း၏ လက်ရှိအခြေနေအား စောင့်ကြည့်နေရုံသာ တက်နိုင်ခဲ့သည့် ပုံနှင့်။
ရှောင်ဖုန်းကိုယ်တိုင်ပင် စွန့်အနေရသည့် အခြေအနေမျိုးမို့လည်း အခုထိပင် အသံတစ်စိုးတစ်စိမျှ မပြုမိသေး။စိတ်ပူလာရသည့် မိဖုရားမှာ နောက်ဆုံးတော့ ဘယ်လိုမှ မနေသာတော့သလိုမျိုး ကုတင်ပေါ်ကိုသာ ဘေးတစောင်းဝင်ထိုင်လာခဲ့ရင်း ရှောင်ဖုန်းကိုလည်း သူမ၏ ရင်ခွင်အတွင်းသို့ ဆွဲသွင်းလိုက်ကာ ဖတ်တွယ်လာပါတော့သည်။
ရှောင်ဖုန်း သူ့အား နွေးထွေးမှုအတိ ပေးလာခဲ့သည့် မိဖုရားကြီး၏ ရင်ခွင်အတွင်းမှာ ခေတ္တမျှတော့ ငြိမ်သက်နေလိုက်မိသည်။အနည်းဆုံးတော့ ဖတ်တွယ်ပေးခြင်းက နှစ်သိမ့်မှုအား ဆောင်ကြဉ်းနိုင်သယောင်ပင် မဟုတ်ပါလား။
"ဖူးယာလေးရယ်...လိမ်မာတယ်...အရမ်းတွေ စဥ်းစားဖို့ မလိုဘူးနော်။မယ်တော့် အရှေ့မှာ အရင်အတိုင်း ပြုံးပြုံးပျော်ပျော်နေလို့လည်း ရတယ်။မကျေနပ်လို့ ဂျစ်တိုက်မယ်ဆိုလည်း မယ်တော်က သေချာပေါက် ချော့ပေးမှာပေါ့။ပြန်စဥ်းစားလို့ မရရင် မစဥ်းစားနဲ့ ဟုတ်ပြီလား...''
အလှလေးက အထက်ပဂ္ဂိုလ်လား?/အလွေလးက အထက္ပုဂၢိဳလ္လား?(Complete) Tempat cerita menjadi hidup. Temukan sekarang