(UNICODE Version ::: ££££££££)အေးချမ်းသည့် ညနေခင်းလေး....ပြင်ဦးလွင်၏အအေးဓါတ်ကြောင့် ပိုပိုချမ်းစိမ့်နေ၏...။
အနွေးဓါတ်ပေးမည့် ကြင်နာသူရှိနေတော့လည်း...အအေးဒဏ်ကိုမသိ..ပကတိနွေးထွေးလျှက်....။
အိမ်ထဲရှိ မီးလင်ဖိုကလေးကတော့ တိတ်တဆိတ်လေး အနွေးဓါတ်ပေးနေရှာသည်...။
ဆိုဖာထက်တွင်ထိုင်ကာ တီဗီကြည့်ရင်းလိုက်ဖက်သည့်အစားအသောက်တွေဖြင့်...အပူအပင်ကင်းကာပျော်ရွှင်နေကြသည့် ချစ်သူနှစ်ဦး......။"ဟာ..ကိုထက် ကျွန်တော့် အာလူးကြော်ရော...ခင်ဗျားကြီးများနေပြီနော်..သူကြီးပဲစားနေတယ်... "
"ဟောဗျာ..ကစ်ကလည်း..ကိုယ်စားတာက ကယ်လိုရီတက်မဲ့ဟာတွေကြီးပဲလေ...ကစ်ပဲမဝချင်ဘူးဆိုလို့..ကိုယ်စားပေးနေတာကို.."
လင်းရောင်ခ မျက်စောင်း တစ်ဒိုင်းဒိုင်းဖြင့်....
"အပိုတွေကပြောပြန်ပြီ...ကျုပ်က အာလူးကြော်စားပြီး ဝမှာတောင်မဟုတ်ဘူး..ခင်ဗျားလုပ်လို့ ပိန်တော့မယ်..."
"ဟင်..ကိုယ်..ကိုယ် ဘာလုပ်.."
"ဘာလဲ...ကျွန်တော်ပြောတာ...ညဘက်တွေဆို...--"
စကားမဆုံးသေး...ပြုံးစိစိဖြင့် ပြူးကြည့်နေသည့် ထက်ကောင်းယံအား...လင်းရောင်ခ ဆိုဖာပေါ်မှ ခေါင်းအုံးလေးဖြင့် ပစ်ပေါက်လိုက်ကာ.....
"ရုပ်က ဘာဖြစ်နေတာလဲ.."
"ကစ်ကလည်းကွာ...ဒီအိမ်မှာ ကိုယ်တေ လင်မယား..အဲ..လင်လင်နှစ်ယောက်ပဲရှိတယ်ဆိုပေမဲ့...ကိုယ်ကရှက်တတ်တယ်ကွ..."
ထပ်ရောက်လာသည့် ခေါင်းအုံးအား..ထက်ကောင်းယံ ဖမ်းလိုက်ပြီး...
"ကြောင်ဆိုးလေးကလဲ...ဆော့ချင်လို့လား..လာ..အခန်းထဲသွားဆော့မယ်.."
"ဟာ...ခင်ဗျား ဘယ်လိုဖြစ်နေတာလဲ.."
"ဟဲဟဲ...စတာပါဗျာ...ကိုယ်ပြောတာ..အခန်းထဲမှာ ခေါင်းအုံးတိုက်ပွဲသွားဆော့မယ်လေ..အဲ့ဒါပြောတာ..."
လင်းရောင်ခ မျက်စောင်းထိုးလိုက်ပြီး...TVလိုင်းကို ကောက်ပြောင်းလိုက်သည်...။
YOU ARE READING
⚠BECAUSE...⁉ {U+Z} (Completed)
Romanceဘာကြောင့်ချစ်မိသွားသလဲ..... ဘာကြောင့်စွဲလမ်းမိသွားသလဲ..... မာနတွေ..အမုန်းတွေကရော..ဘယ်ကိုရောက်သွားသလဲ... အဘယ်ကြောင့်ဆိုသော်.............