<Unicode>
ရိပေါ်ရဲ့ ခပ်ကြီးကြီးလက်ဖဝါးတွေကြား နစ်မြှုပ်နေတဲ့ လက်လေးတွေက ချွေးစို့နေသလို မျက်တောင်တဖျတ်ဖျတ်ခတ်ပြီး ထိုင်နေတဲ့ ကောင်လေးရဲ့မျက်နှာလေးက စိတ်လှုပ်ရှားမှုတွေအထင်းသား။Pratice round 1/2နှစ်ခုလုံးမှာ ranking.1ရထားတာမို့ အလားအလာကောင်းလားဆိုတာ မေးကြည့်စရာတောင်မလိုဘူး။ဒါတွေက ကောင်လေးရဲ့ fighting ဆိုတဲ့ စကားတခွန်းကြောင့်လည်းပါတယ်။တကယ်စွမ်းတဲ့အားဆေးလေး။
ရိပေါ်ကတော့ ပြိုင်ပွဲ resultအတွက် စိတ်လှုပ်ရှားနေသလို ပြိုင်ပွဲပြီးရင်ဆုချမယ်ဆိုတဲ့ ကောင်လေးပြောတဲ့ စကားတခွန်းအတွက်ပိုပြီး စိတ်လှုပ်ရှားနေတယ်။
'ရှောင်းကျန့် သွားရအောင် ပွဲစတော့မယ် ´
အနားကိုရောက်လာပြီး ယီကျိုးကခေါ်လိုက်တော့ ရိပေါ်ကို ကြည့်ပြီးပြုံးတယ်။
' ကိုကို..ဂရုစိုက်နော် ´
ဘေးနားက helmet ကို ယူကာ ဆောင်းပေးလိုက်ရင်း နမ်းကာဆိုတဲ့ကောင်လေး။စကားတွေအများကြီးမပြောပေမယ့် တကယ်ထိရောက်ပါတယ်။မင်းပေးတဲ့ အကာအကွယ်လေးနဲ့ သေချာပေါက်ကို ထောင်သောင်းမကတဲ့ လူတွေကြားမှာ ဒါငါ့ကောင်လေးဆိုပြီး ဂုဏ်ဆာလို့ရစေရမယ်။
ပွဲစတော့မှာမို့ တချက်လှည့်ကြည့်လိုက်တော့ ပြုံးပြရင်း fighting လို့ လုပ်ပြတဲ့ကောင်လေး။ဘေးက ယီကျိုးနဲ့ချီဝူးက ပါဖိုက်တင်းလို့လှမ်းအော်ကြတယ်။ မနှစ်ကတော့ ပါပါးနဲ့ မာမားရောက်လာကြပေမယ့် ဒီနှစ်မှာတော့ မင်းရှိရုံနဲ့တင်လုံ လောက်ပြီ။
စပြီဟေ့ဆိုတာနဲ့ တခဲနက် အော်ဟစ်အားပေးတဲ့ ပရိသတ်တွေ။Tracer 85တဲ့..
ကိုကို့ပရိသတ်တွေ တော်တော်များတာပဲ။စထွက်ကတည်းကနေ ရှေ့ဆုံးမှာနေရာယူထားတဲ့ ဆိုင်ကယ်အစိမ်းရောင်လေး။တချက်တချက် အကွေ့တွေမှာဆို ရင်ဖိုစရာကောင်းလွန်းတယ်။
အားခနဲအော်လိုက် ငါမကြည့်ရဲဘူးဆိုပြီး မျက်လုံးတွေအတင်းမှိတ်ထားလိုက် လုပ်နေတဲ့ ဘေးက ယီကျိုး။မနှစ်က ပြိုင်ပွဲကိုရော ဘယ်လိုလာကြည့်ဖြစ်ခဲ့တာလဲဆိုတာ စဥ်းစားလို့ကိုမရဘူး။ဘေးက စီနီယာစုန့်ကတော့ အေးဆေးပဲ..။
ESTÁS LEYENDO
Hăo Jiŭ Bù Jiàn(好久不见)(Completed )