ကျွန်တော်တို့ကိုမခွဲပါနဲ့

4.1K 1K 68
                                    

Unicode

ဆူညံပွက်လောရိုက်နေသောကျောင်းဝင်းထဲ၌
မြောက်ကြွကြွကောင်လေးတစ်ယောက်မှာ
ဘာသိဘာသာနေသောအတန်ငယ်အရပ်ပုသော
ကောင်ငယ်လေးအား ပုခုံးဖက်လျက်
ကျောင်းသူများအား အထာပေးနေသည်

ရှောင်မုစိတ်ရှုပ်ရှုပ်ဖြင့်သူ၏ပုခုံးပေါ်
တင်ထားသောကျို့ဟန်၏လက်အား
ရိုက်ထုတ်လိုက်ကာ သူသဘောကျနေသော
ကျောင်းအလှပဂေး ရှင်းယွီအားသွားရည်
ထွက်ကျမတတ်ငေးနေလေသည်

ရှောင်မုငေးနေတုန်းသူ့နတ်သမီးမှ ပြုံးပြလာသော
ကြောင့် အားရပါးရပင်လက်ပြန်ဝှေ့ရမ်းပြကာ
သွားကျွတ်မတတ်ပြုံးနေသည်
ရှောင်မု သူ၏နတ်သမီးဟာ တကယ်ကိုပင်
နှစ်လိုဖွယ်ကောင်းကြောင်းကျို့ဟန်အား
အာပေါက်မတတ်ဆိုနေလေသည်

ရှင်းယွီ ရှောင်မုဆိုသည့်ကျောင်းသားအား
စာသင်နှစ်စကတည်းက မျက်မှန်းတန်းမိနေသည်
ကျောင်းသားများကြားထူးခြားစွာ မင်သေသေနှင့်
အတော်လေးစိတ်ဝင်စားဖို့ကောင်းသည်မို့
ရှင်းယွီ သဘောကျနေခဲ့သည်
သူမအတန်းထဲဝင်သည်နှင့် နောက်တန်းမှရေတွက်လျှင် သုံးတန်းမြောက်ခုံ၌ သူ့အတန်းဖော်နှင့်
စကားပြိုင်ပြောနေသော ရှောင်မုထံသွားကာ
ခွင့်တောင်းလိုက်လေသည်

"ကျွန်မ ဒီမှာထိုင်လို့ရလား''

ရှောင်မုကျို့ဟန်အားငြင်းခုံနေရင်းရေစီးချောင်းသံသဖွယ်ချိုသာလှသော အသံကိုသူ့ဘေးမှကြား
လိုက်သောကြောင့် ငြင်းခုံခြင်းအားရပ်ကာ ထိုအသံဆီအကြည့်ပို့လေတော့သည်
သူ၏နတ်သမီးဖြစ်နေသည်ကိုမြင်လေသော်
ရှောင်မုမှာအသက်ရှူရပ်မတတ်ပင်
ဖြစ်လာကာ ကျို့ဟန်လက်တို့တော့မှ
စိတ်လှုပ်ရှားစွာစကားစထစ်လေတော့သည်

အာ..ထိုင်..ထိုင်လို့ ထိုင်ရရပါတယ်

နေရာအလျင်အမြန်ပင်ပေးလိုက်ကာ
အရှက်သည်းစွာ သူ၏နတ်သမီးအား
ချောင်းကြည့်လေတော့သည်

ရှောင်မုကြည့်သည်ကို သူ၏နတ်သမီးသိသွားသောကြောင့်လားမသိ သူ့အားပြုံးလျက်ကျေးဇူးတင်စကားပြောလာလေသည်

ငါ့ကိုငွေနဲ့ပေါက်မယ့် အန်တီကြီးရောက်လာပြန်ပြီ(Uni&Zawgyi)Where stories live. Discover now