Part-8နမ်းတော့မလို့/နမ်းတော့မလို့

11.3K 1.7K 27
                                    

Unicode

ချင်းလန်ရင်းတစ်ယောက် ရှေ့တော်ပြေးလည်း လွှတ်ထားသည်မို့ အပြန်ခရီးလမ်းအတွက် စိတ်မလောဖြစ်တော့ပေ။ရှေ့တော်ပြေးက သူတို့ထက်အရင် စုန့်နန်းတော်သို့ ဆိုက်ရောက်သွားကာ ကြိုတင်၍ သတင်းပို့ပေးလျှက် သူနှင့်အိမ်ရှေ့စံတို့နှစ်ဦးအား ခရီးတစ်ဝက်တွင်ပင် လာ၍ စီးကြိုပေးကြလိမ့်မည်ဟု တွေးဆထားမိ၍ ဖြစ်သည်။

နှစ်နိုင်ငံ၏ ကြားဖြတ်လမ်း ခရီးလမ်းမှာ အတော်လေးကို အလှမ်းဝေးလှသည်။ကြားထဲတွင် ''လော့ယွမ်''ဆိုသည့် မြို့လေးအား ဖြတ်သန်းကြရသည်။သို့သည့်တိုင် အချိန်မှာ အတော်လင့်နေခဲ့ပြီ။သူတို့ထွက်လာသည်ကပင် နေ့လည်ခင်းကြီး ဖြစ်၍ ယခုတော့ နေလုံးနီနီကြီးကလည်း အနောက်ဘက် ကောင်းကင်ယံကြီးထဲသို့ စုံးစုံးမြုပ်လုနီးနီးပင် ဖြစ်နေချေပြီ။

အချိန်တစ်ခု အကြာမှာဘဲ လော့ယွမ်မြို့စွန်းသို့ ရောက်ရှိခဲ့သည်။မြို့ထဲ မဝင်လိုက်ရခင်မှာဘဲ တောထဲတွင်ပင် ခရီးတစ်ထောက် နားလိုက်ရမည်ကို စိုးထိတ်၍လည်း မြင်းလှည်းကြီးကို ဒုန်းဒိုင်း မောင်းနှင်ခိုင်းရသည်။ဘေးဘက်က ချင်းလန်ရင်းမှာလည်း အနည်းငယ်မျှပင် အနားယူရန် စိတ်ကူးမရှိလေသည့် ပုံနှင့်။

ဤသို့နှင့် နေဝင်ရီတရော အချိန်ကြီးတွင်ပင် မြို့ထဲသို့ ဝင်ရောက်လာနိုင်ခဲ့ရင်း ''ရှင်းဖုန်း''ဆိုသည့် တည်းခိုဆိုင်၏ အရှေ့၌သာ မြင်းလှည်းကို ရပ်တန့်ခဲ့တော့သည်။မြင်းလှည်းပေါ်က ဆင်းလိုက်ချင်းမှာဘဲ ရှောင်ဖုန်းမှာ တစ်ကိုယ်လုံး ယိုင်ရွဲ့လျှက် အခြေပင် မခိုင်ချင်။

သူကိုယ်တိုင်က လောကွတ်ချော်မိလျှက် အလှလေး အချိန်မီဖို့အရေး မြင်းလှည်းကိုပင် ဟက်စကီးပျံသလို မောင်းခိုင်းမိခဲ့သည်လေ။ထိုတော့လည်း ကိုယ့်အပစ်နှင့်ကိုယ် မြင်းလှည်းအတွင်း၌ ထိုင်နေခဲ့ရသည်ကပင် စကောထဲ ထည့်ကာ အလှိမ့်ခံနေရသည့် ဇီးချိုသီးလုံးလေးအလား မြင်လှည်းပေါ်က ဆင်းလာခဲ့တော့ လူက သိသိသာသာကို ယိုင်နဲ့နေခဲ့ပြီ။မြင်းလှည်းစီးရသည်ကလည်း မြေအောက်ရထား စီးခဲ့ရသည့်အလား မူးနောက်နေရောဘဲ။

အလှလေးက အထက်ပဂ္ဂိုလ်လား?/အလွေလးက အထက္ပုဂၢိဳလ္လား?(Complete) Donde viven las historias. Descúbrelo ahora