ချစ်ခဲ့ဖူးလား ။ မစွှန့်လွှတ်နိုင်လောက်တဲ့ထိ လူတစ်ယောက်ကို ချစ်ခဲ့ဖူးလား ၊ဒီလိုကွာ ...
မင်းအတွက်အရာရာလို့တွေးထင်ပြီး အဲ့တစ်စုံတစ်ယောက်အပေါ် ခံစားချက်တွေပြင်းပျဖူးလား ... ။ အကုန်ပြောရရင်ဘဝလို့တောင် မင်းအတွက်တန်ဖိုးထားမိတဲ့လူတယောက်အဖြစ်ပေါ့ ... ။
ကျွန်တော့်မှာ အဲ့လိုလူတယောက်ရှိတယ် ။
ရှိခဲ့ဖူးတယ် ။ ဒါကျနော်အစချီတဲ့သဘောပါ ။ ခင်ဗျားမှာလဲရှိခဲ့ဖူးမှာပါ ။ ကိုယ့်ဘက်ကသည်းသည်းလှုပ်ပြသမျှဟာ သူ့အတွက်အပိုလို့ထင်လောက်တဲ့အထိ ကျနော်တို့တွေ ဈေးပေါဖူးကြတယ် ။
ကျနော်တို့ရင်ထဲမှာရှိတဲ့အရာတွေကိုမြင်အောင်ပြပေမယ့် ကျနော်တို့က သူ့အပေါ်အရမ်းချစ်ပြ ဂရုစိုက်ပြနေတော့ ကျနော်တို့ရဲ့ပုံစံ ကျနော်တို့ရဲ့ ချစ်ခြင်းတွေဟာ သူ့အတွက်တန်ဖိုးမရှိတော့တဲ့အရာဖြစ်လာတယ် ။ ဥပမာဗျာ ကားလမ်းကူးတာကအစ ဂရုစိုက်ပါ သတိနဲ့ကူးပါ ဆိုတာတွေဟာ ကျနော်တို့ရင်ထဲသူတခုခုဖြစ်မှာစိုးလို့ စိတ်ပူတဲ့အနေနဲ့ထုတ်ဖော်ပြောပေမယ့် သူ့အတွက် ဒီဘဲကငစားပဲ ကိုယ်နဲ့မပက်သက်ခင်ထဲက ကားလမ်းကူးလာတာ မျက်စိမှိတ်တောင်ကူးလို့ရတယ် စသဖြင့်ပေါ့ သူတို့အတွေးမှာ ကျနော်တို့ဟာ စောက်ပိုလုပ်တယ်ထင် နေတက်ကြတယ် ... ။ဆိုတော့ .... ကျနော်တို့အသေးဖွဲကအစ ဂရုမစိုက်မိအောင်မပြောမိအောင်ထိန်းနေရတာ အရမ်းပင်ပမ်းပါတယ် ။ သူ့အတွက်နားအေးသွားပေမယ့် ကျနော်တို့ရင်ထဲ အရမ်းဂရုစိုက်ချင်တာတောင် ထိန်းနေရတယ် ။ အဲ့စိတ်ကပိုဆိုးတယ်နော် ... ရိုးရိုးလေးပါပဲ ဒါပေမယ့် နက်နဲတယ် ။ ခံစားချက်တခုကိုထိန်းနေရတာ အရမ်းလွယ်တဲ့ကိစ္စမဟုတ်တာ ခင်ဗျားလဲ သိမှာပါ ။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူးနော်
ကျနော်တို့လဲ သူတို့ဆီက ဂရုစိုက်တာ လိုချင်တာပေါ့ .. ဘယ်လိုပဲအသည်းမာတဲ့သူဖြစ်ပါစေ ကျနော်တို့ အမြဲလိုအပ်တယ် ... နွေးထွေးတဲ့မေတ္တာတွေပေါ့ဗျာ ...တခါတလေ အချစ်ဆိုတာ လက်တဖက်ထဲနဲ့ပေါင်ကိုပုတ်ပြီး တီးနေရတဲ့ အတိုင်းပဲ နှစ်ဖက်တီးမှမြည်နေစရာမလိုဘူး ကိုယ့်ပေါင်ကိုပုတ်ပြီးလဲ တီးလို့ရတယ် ... အဓိကက အသံထွက်ဖို့ပဲလေ
ကိုယ်ကချစ်နေရယုံနဲ့ အရာရာပြည့်စုံတဲ့အချစ်လို့ ကိုယ်ကတွေးထားနိုင်ရင် ရပါပြီ ..
လွှတ်ပေးလိုက်ပါ သူပျံသန်းလိုတဲ့နေရာဆီ ... ကိုယ့်ကိုမလိုလားတဲ့ အမူအရာတွေနဲ့တော့ ကျနော်တို့နား ဆွဲထားဖို့ မသင့်တော်ဘူးလေ ...
သူလဲ လွတ်လပ်စွာပျံသန်း လို့ရနိုင်တဲ့အခွင့်အရေးတွေ သူ့ဆီမှာ အပြည့်အဝရှိနေပါတယ် ...သူလွတ်လပ်စွာပျံသန်းနေတာလေးကိုပဲကြည့်ပြီး ကျနော်တို့ ပျော်ရွှင်နေဖို့ထိုက်တန်တယ်မဟုတ်လား ....
ပျော်ပါစေ ငှက်ကလေးရေ .....
YOU ARE READING
ချစ်ခြင်းရဲ့လွတ်မြောက်ခြင်း
Short Storyပိုင်ဆိုင်ခွင့်ရမှ ချစ်ခြင်းမေတ္တာဆိုတာ ရှင်သန်တာမဟုတ်ပါဘူး ။ သူ့အတွက်ပျော်ရွှင်စေမယ်ဆိုရင် .. ကိုယ့်ဘက်ကနောက်ဆုတ်ပေးလိုက်တာဟာလဲ အချစ်ပါပဲ .... ။