<အခုကစပြီး adam ကို maru လို့ပဲရေးပါမယ် >
Maru အခုရောက်နေတဲ့အချိန်က အရမ်းမနောက်ကျသေးဘူး သူတို့မိသားစုကိုလုပ်ကြံမဲ့သူတွေမလာသေးသလို သူလဲသေဖို့ တစ်နှစ်လိုသေးတယ်
[ခွေးနတ် system မင်းငါ့ကိုအခုထိ mission မပေးရသေးဘူး ]
[အော်ဟုတ်လား ဆော်ဒီးကွာ မေ့သွားလို့
Mission -
Main mission -1.ango မိသားစုကိုကာကွယ်ရန် (point.100)
2.လုပ်ကြံမှုရဲ့နောက်ကွယ်က အဓိက ကြိုးကိုင်သူကိုရှာဖွေပြီး သတ်ရန်ဒါပဲ host ...hidden mission တွေလဲရှိလာနိုင်ပါတယ် ]
[အင်း ]
[ဒါဆို ပြီးပြီဆိုတော့ line out ပြီ ပိုင်ပိုင့် ]
[ဟေ့ နေ .အုန်း....]
ပြောပြီးတာနဲ့ လှစ်ကနဲပျောက်သွားသည့် ထိုခွေးစစ်စတန်ဆိုသည့် အကောင်အား ပိုးစိုးပက်စက်ဆဲပြီး
မျက်လုံးဖွင့်ကြည့်လိုက်တယ် သူ့ရှေ့မှာကတော့ သွေးထည့်ထားတဲ့ ခွက်သုံးခွက်ရယ် သူ့အရှေ့တည့်တည့်ကထိုင်ခုံမှာထိုင်နေကြတဲ့ လူသုံးယောက်ဒီလူတွေက အယ်ဆာတွေ အယ်ဆာတွေဆိုတာသူတို့အတွက် သွေးပေးရတဲ့ လူသားတွေကိုခေါ်တာဖြစ်သည် ။
သူကအခုဘာလုပ်နေတာလဲဆိုတော့ ango မိသားစုက ဒီနေ့လေးတင် ဝယ်လာတဲ့ အယ်ဆာ တွေရဲ့အရည်အသွေးကိုစစ်ဆေးနေတာပင် ဒါက maru ရဲ့ချေးများတာကြောင့်ဖြစ်တယ် အရင်လူ maru ကအသန့်အလွန်ကြိုက်ပြီး သူသောက်မယ့်သွေးကိုလဲ သူကိုယ်တိုင် ရွေးတယ် ...
Maru လဲအရင် လူလုပ်သလိုပဲ သူ့ရှေ့ကသွေးထည့်ထားတဲ့ ခွက်သုံးခွက်ထဲက အလယ်ကခွက်ကိုယူလိုက်ပြီး အနံ့ကိုမွှေးကြည့်လိုက်တယ် သံချေးနံ့လိုလိုရတယ် ဒါက ရိုးရိုးသာမန်သွေးဆိုတာကို ဖော်ပြတယ် သူခွက်ကိုပြန်ချပြီး သူ့ ရှေ့က သူသုံးယောက်ထဲက အလယ်ကတစ်ယောက်ကိုလက်ညှိုးထိုးလိုက်ကာ 'ထွက်သွား´ ဟုသည့်လက်ဟန်ပြလိုက်သည်
ထိုလူကလဲ ကြောက်ကြောက်လန့်လန့်နဲ့ ထထွက်သွားလေတယ်
အခုကျန်တာနှစ်ယောက် သူ့ရဲ့ညာဘက်မှာထိုင်နေတဲ့တစ်ယောက်က သိသိသာသာကို သူ့ကို (maruကို )puppy eye လေးနဲ့ကြည့်နေလေတယ် ဘယ်ဘက်ကတစ်ယောက်ကတော့ ကြောက်လွန်းလို့ သေးထွက်တော့မယ့် မအီမသာရုပ်နဲ့ ထိုင်နေတယ် ....maru ဟို သေးထွက်တော့မယ်တစ်ယောက်ကို လက်ညှိုးထိုးလိုက်ကာ ထွက်သွား ဟုလက်ဟန်ပြလိုက်ပြီး သူ့အား puppy eye လေးနဲ့ကြည့်နေတဲ့ကောင်လေးကို လက်ယက်ပြီး သူ့နားလာဖို့ခေါ်လိုက်တယ် ထိုကောင်လေးက ဘယ်အချိန်ကတည်းက လာချင်နေလဲမသိပါပေ လှစ်ကနည်း သူ့နားကိုအပြေးတစ်ပိုင်းရောက်လာပြီး သူ့ခြေထောက်နားမှာ ထိုင်ချလိုက်လေသည် သူကိုလဲ ခွေးပေါက်လေးလို မျှော်ကြည့်ရင်းပေါ့ ....
Maru သူ့ ကိုယ်သူဂုဏ်တောင်ဆာမိသွားသလိုလို
ငါက အသားတုံးနဲ့တူနေလို့လား....?Maru ထိုကောင်လေးကို သေသေချာချာကြည့်လိုက်သည် .....အဝတ်အစားကစုတ် စုတ်ပျက်ပျက်လေးနဲ့ ပိန်ပိန်ပါးပါးလေး အခုသူရဲ့ခွေးပေါက်လေးလိုအမူအရာလေးနဲ့ဆိုတော့ တစ်ကယ့်ကို.လမ်းဘေးကကောက်ရလာသည့် သနားစရာခွေးပေါက်လေးလိုပင် ......အင်းး.ချစ်စရာလေး ok ငါသူ့ကိုရွေးလိုက်တော့မယ်
"အိမ်တော်ထိန်း jo သူအတွက် အဝတ်ပြင်ပြီး ကျုပ်အခန်းယူလာခဲ့ အဝတ်အစားကို အဖြူရောင်လေးယူလာခဲ့ အကောင်းဆုံးဖြစ်ပစေ "
အိမ်တော်ထိန်း jo လန့်မိသွားသည် ဘာတဲ့ ငါတို့ သခင်လေးက pet ထားတာမကြိုက်တဲ့ ငါတို့သခင်လေးက pet တစ်ယောက် မွေးဖို့ပြင်နေတာလား ???
အထဲမှာ ကမ်ဘာပျက် နေပေမယ့် အပြင်ကတော့
"ဟုတ်ကဲ့ပါ သခင်လေး "Maru ထရပ်ကာ သူ့ရှေ့က ကောင်လေးဆီကို ငုံ့ကိုင်းလိုက်ပြီး ကောင်လေးရဲ့လက်ကိုဆွဲယူကာ လက်က လက်ထိပ်တွေကို လက်ချည်းသက်သက်နဲ့ ဆွဲဖျက်လိုက်ပြီး ကောင်လေးကိုကြည့်ကာလိုက်ခဲ့ဖို့ပြောပြီး လှည့် ထွက်သွားတော့သည်
သူလှည့်ထွက်သွားတာနဲ့ ပြုံးလိုက်တဲ့ ထိုကောင်လေးရဲ့ နတ်ဆိုးဆန်ဆန်အပြုံးလေးကိုတော့ မမြင်လိုက်ပါပေ .....
.........................................................................
ဇာတ်လမ်းတိုလေး ..ခွေးနတ်စစ်စတန် : ငါ ခုနက ကောင်လေး နတ်ဆိုးပြုံးပြုံးလိုက်တာ တွေ့လိုက်သလားလို့
Maru :ဟျောင့် ခွေးစစ်စတန် မင်းကန်းနေလားဒီလောက်ချစ်ဖို့ကောင်းတဲ့ခွေးပေါက်လေးကို
*ခွေးပေါက်လေး ခေါင်းကိုပခုံးပေါ်တင်ကာ ကလေးလေးလိုပွေ့ထားပြီး ခေါင်းအား ဖွဖွလေး ပွတ်သပ်ပေးနေ *ကောင်လေး : *maru ပခုံးပေါ်မေးတင်ကာ ခွေးစစ်စတန်အား နတ်ဆိုးဆန်ဆန်ပြုံးပြကာ စိုက်ကြည့်နေပြီး ပါးစပ်သာလှုပ်၍ပြောလိုက်သည် *
"ငါအရှင်သခင်ရဲ့လူသားကို မသိစေနဲ့ မသေချင်ရင်ပေါ့ "
YOU ARE READING
Hey Man !WTF Stop Following Me ! (System)
Romanceadam : ခင်ဗျားကိုပြောနေတယ်နော် လိုက်မလာနဲ့လို့ ! ????? : (︺︹︺)အချစ်လေးကလဲ adam : ဘာလားဟ လခွမ်း !!! system ဒီကောင်ဘာကောင်တုန်း system : wait wait ဂလူးဂလူးခေါက်ကြည့်လိုက်အုန်းမယ် ! adam : ဝှက်သယ် * system : လူတဲ့ host ! adam : ငါသိတယ်လေ ဒီ ဖေ !!*#$...