ရေစက်အဆုံး(1)

4.9K 290 85
                                    

ငယ်ရွယ်ချိန်မှာ ဦးနှောက်က သေချာအလုပ်မလုပ်သေးတော့
ခံစားချက်တွေကိုဦးစားပေးပြီး
အနားမှာရှိတဲ့ အကောင်းတကာ​အ​ကာင်းဆုံးသူတွေကို မျက်ကွယ်ပြုလို့
မင်းကို ရွေးချယ်ခဲ့ဖူးတယ်
ကိုယ်နာကြင်ဖို့ အုတ်မြစ်ချခဲ့ မိတာမှန်းသတိထားမိတဲ့ အချိန်မှာတော့ အတော်လေးနောက်ကျနေခဲ့ပြီ

လူဆိုတာပြောင်းလဲတတ်တဲ့ အမျိုးလို့ပြောရင် သိပ်လက်ခံတာပဲ
ဘဝကြီးနဲ့ရင်းပြီး သိလိုက်ရတဲ့ အတွေ့အကြုံမို့
ချစ်သူသက်တမ်း သုံးနှစ်မှာ ဝမ်က
ရှောင်းကျန့်ဆိုတဲ့ ကျနော့်ကို တုန်နေအောင်
ချစ်ပြ ဂရုစိုက်ပြခဲ့တယ်
ဒါပေမယ့် ဝမ့်ရဲ့အချစ်တွေက သက်တမ်းတိုလွန်းတာ​နေမယ်
Expire date က လက်ထပ်ပြီး တစ်နှစ်အထိပဲ
နောက်ပိုင်း ဝမ့်ရဲ့အချစ်က ပါးစပ်ဖျားမှာပဲရှိတာ တကယ်တမ်းကျတော့ သက်တမ်းကုန်သွားတဲ့ ပစ္စည်းလိုပဲ လက်ထဲမှာရှိနေရင်တောင် သုံးစားလို့မရတော့ဘူး

အော် မှားလို့ ဝမ့်ရဲ့ အချစ်တွေက ရှောင်းကျန့်ဆိုတဲ့ ကျနော့အတွက်ပဲ သက်တမ်းကုန်သွားတာနော်
တခြားတခြားသော မိန်းမပျို ယောက်ျားပျိုတွေအတွက်တော့
လတ်ဆတ်နေတုန်းပဲ
အိမ်ထောင်သက်တမ်း တစ်နှစ်ကျော်မှာပဲ
မောင်က သိသိသာသာ နောက်မီးလင်းတယ်
တစ်ပွင့်တည်းတောင် မဟုတ်ဘူး
ရေတွက်လို့တောင် မနိုင်ဘူး
ရယ်တော့ ရယ်ရသား ဝမ်က ကျန့်ကို စိတ်ကုန်ဖို့ တစ်နှစ်တည်းလိုတာတဲ့
ဒါနဲ့များ ကျန့်ကိုမှ မရရင် တံတားပေါ်က ခုန်ချသေမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့နေသေးလဲ

ဒီလိုဆိုတိုင်းလဲ ဝမ့်ကို ရုပ်ရှိ​ေရလျှံ သူဌေးသားလူဆိုးလေးလို့ တွေးနေမိရင်မှားမယ်
နှစ်ယောက်သား သုံးနှစ်လုံးလုံးအသည်းအသန်စုပြီး နေဖို့ တိုက်ခန်းလေးတစ်ခန်းဝယ်ထားရတာ
ဒါပေမယ့် ဝမ်က ဆွဲဆောင်မှုရှိတဲ့ လူချောလေးမို့ သူစိတ်ရှိသမျှ အလှလေးတွေအကုန်လုံးက ဝမ့်နောက် ကောက်ကောက်ပါလာတာချည်းပဲ

အခုလည်း တိုက်ခန်းထဲမှာ ဘယ်လို အလှလေးက ကောက်ကောက်ပါလာလည်းမသိပါဘူး ဝမ့်ရဲ့ ရစ်မူးသံတွေ က
တံခါးရှေ့ကနေတောင် အတိုင်းသားကြားနေရတာ အလုပ်ကပြန်လာတဲ့ ကျန့်အတွက် အမောကို စို့လို့
ဒါကြောင့် ဝမ် အလုပ်က စောစောပြန်သွားတာကိုး
ဒီနေ့တော့ bus လေး အတူတူစီးပြီး ပြန်လာရရင်ကောင်းမယ်လို့ စိတ်ကူးတွေယဥ်နေခဲ့တာ ကိုယ့်ပါးကိုယ် ပြန်ရိုက်ပြီးပဲ အသိဝင်ဖို့ ဆုံးမလိုက်တော့တယ်
ရူးမနေနဲ့တော့လို့ပေါ့

ရေစက်အဆုံး {Zhan's Wang } Where stories live. Discover now