ဟိုဘက်အိမ်က ကိုကိုရေ...

219 27 0
                                    

 ဟိုဘက်အိမ်ကကိုကိုရေ…

🎶ဘယ်ရှေးဆုတောင်းတွေကြောင့်များကိုယ့်အိမ်ဘေး 

မင်းတို့ပြောင်းလာတာလဲတွေး🎶 

Benjamin Sum ရဲ့ ဟိုဘက်အိမ်ကကောင်မလေးသီချင်းကို ကျွန်တော်အရမ်း၊အရမ်းကိုကြိုက်ပါတယ်။ 

ဟိုလူယုတ်မာလေး,မဆိုခင်အချိန်ထိပေါ့။ 

အခုလည်း အဲ့ကောင်လေး ဂစ်တာတနှောင်နှောင်နဲ့ဆိုနေပြန်ပြီ။ 

🎶မင်းအရိပ်လေး၊မင်းအငွေ့လေး စိုးမိုးထားပါပြီလေ 

ကိုယ့်ဘဝမှာ အဝေးကငေး၊အဝေးကဆွေး 

ကိုယ့်အကြောင်းလေးတွေသိမလား ဟိုဘက်အိမ်ကကောင်မလေး🎶 

ကျွန်တော်ရဲ့ သည်းခံနိုင်စိ‌တ်တွေကုန်လွန်သွားခဲ့ပြီ။ဒီကောင်တော်တော်လွန်နေပြီလို့မထင်ဘူးလား။ကျွန်တော်နဲ့ညီမလေးတို့ ဒီအိမ်ကိုပြောင်းလာတဲ့နေ့ကတည်းက ဒီကောင် ည,ညဆို ဂစ်တာတစ်လက်နဲ့ကျွန်တော်တို့အိမ်ဘက်ကိုကြည့်ပြီး  ဒီသီချင်းကို အကျယ်ကြီးဆို,ဆိုနေတာ။အစ်ကိုတစ်ယောက်လုံးရှိတာတောင်မှ ညီမကို ကြောင်ရဲတဲ့ဒီလိုကောင်မျိုးကို မှတ်လောက်သားလောက်ရှိအောင်တော့ ပညာပေးရဦးမည်။ညီမလေးနဲ့ကလည်း အတန်းတူဆိုတော့ ညီမလေးကိုလည်းစိတ်မချရဘူး။ကိုးတန်းဆိုတဲ့အရွယ်က ပညာရေးကိုပဲ အာရုံစိုက်သင့်တဲ့အရွယ်မဟုတ်လား။ကျွန်တော်ကတော့ ဆေးကျောင်းပထမနှစ်လေ… 

ကိုးတန်းအရွယ်လေးနဲ့ ဒီလို သမီးရည်းစားစိတ်တွေဝင်နေတဲ့ ဟိုငနဲကောင်ကိုလည်း စလန်တမိသည်။ဘာပဲဖြစ်ဖြစ် အခုတော့ပြောစရာရှိတာသွားပြောရမည်။ 

"ဟေ့ကောင်,အစမ်း မင်းဒီလာခဲ့စမ်း။" 

သူ့နာမည်က ချစ်စမ်းမောင်တဲ့။နာမည်ကိုက တင်တင်စီးစီး အမြင်ကိုကပ်တယ်။ချစ်ဆိုတဲ့စကားလုံးကိုလည်းမခေါ်ချင်၊မောင်ဆိုတဲ့ စကားလုံးကိုလည်းမသုံးနှုန်းချင်တာကြောင့် ကျွန်တော်,သူ့ကို အစမ်းလို့ခေါ်လေ့ရှိသည်။ 

ကျွန်တော်သူတို့ခြံရှေ့ကနေ လက်ရက်လှမ်းခေါ်တော့ ဘာလဲ‌ဆိုတဲ့ပုံစံနဲ့ ခေါင်းကိုမော့ပြီး ကျွန်တော့်ဆီလာနေတယ်။သူ့ကိုယ်သူ ဘာအပြစ်မှလုပ်မထားတဲ့ပုံနဲ့။ 

ချင်းတွင်းသက်သေနှင့်အခြားဝတ္ထုတိုများ(ချင်းတွင်းသက်သေနှင့်အခြားဝတ္ထုတိုများ)Nơi câu chuyện tồn tại. Hãy khám phá bây giờ