စီအီးအိုကြီးစျေးဝယ်နေသည်

4K 964 16
                                    

Unicode

ရှောင်မု ဖုန်းscreenမှာပေါ်နေသောQQ
အကောက်တစ်ခုအား request ပို့ ရနိုးနိုး
မပို့ရနိုးနိုးတစ်နာရီခန့်ရှက်ရွံနေပြီးမှ
စိတ်ဆုံးဖြတ်လိုက်ကာ  သူငယ်ခြင်းဖြစ်ရန်တောင်းဆိုချက်အား တွန့်ဆုတ်တွန့်ဆုတ်ဖြင့်ပို့လိုက်ပြီးရလဒ်ကိုမကြည့်ရဲစွာ ဖုန်း၏အတန်ငယ်ဝေးကွာသောနေရာမှ မျက်စောင်းလေးဖြင့်လှမ်းကြည့်လာလေသည်။

တစ်မိနစ်..နှစ်မိနစ်..သုံးမိနစ်..လွန်လာခဲ့ပြီ။
တိုင်ကပ်နာရီမှ တဂျက်ဂျက်မည်သံက
ရှောင်မု၏စိတ်လှုပ်ရှားမှုကို နှစ်ဆတိုးစေသည်။

"ရှင်းယွီမှ သင်၏သူငယ်ချင်းဖြစ်ရန်တောင်းဆိုချက်အားလက်ခံလိုက်ပါသည်''

ထိုအသိပေးချက်ရောက်လာသည်နှင့် ေရှာင်မုမှာ
မယုံကြည်ခြင်းများစွာ တိတ်ဆိတ်နေသောအခန်း
၌ဝမ်းသာအားရအော်ဟစ်လိုက်သော ကျယ်လောင်သောအသံဖုံးလွမ်းလေတော့သည်။

"ရှင်းယွီမှ စာတစ်စောင်ပို့လိုက်သည်'' နောက်ထပ်သော အသိပေးချက်ရောက်လာသည်နှင့်
ရှောင်မုမဝံမရဲဖြင့် အသိပေးချက်အားဖွင့်လိုက်သည်

"ရှောင်မုလား?''

တိုတိုတုတ်တုတ်စာတစ်စောင်လေးမျှဆိုသော်လည်း ရှောင်မုကိုလောကကြီးတစ်ခုလုံးအား
အပိုင်စိုးရလိုက်သကဲ့သို့ပျော်ရွှင်မြူးထူး
လေသည်။
ရှောင်မုစိတ်တည်ငြိမ်အောင်ထိန်းလိုက်ပြီး

"အမ်း..ကျွန်တော်ရှောင်မုပါ တစ်တန်းသားချင်း
အဆက်အသွယ်ရချင်လို့ပါ''

ရှောင်မု သူရေးလိုက်သည့်စာအားအထပ်ထပ်အခါခါပြန်စစ်ပြီးမှ ပြန်ဖျက်ကာပြန်ပြင်ရေးလိုက်ပြန်သည်။

"ကျွန်တော်ရှောင်မုပါ တစ်တန်းသားခြင်းအဆက်အသွယ်ရချင်ရုံပါ အထင်မလွဲပါနဲ့''

အင်း ဒါမျိုးဆိုအဆင်ပြေလောက်သည်ဟု တွေးကာ စာတိုအားပို့လိုက်လေသည်။

ရှောင်မုပို့လိုက်ပြီး မိနစ်ဝက်မကြာခင်
ပြန်စာနှစ်စောင်ရောက်လာလေသည်။
ရယ်မောနေသောခေါင်းပြောင်အီမိုဂျီသုံးခုနှင့်
နောက်စာတစ်စောင်၌ နားလည်ကြောင်းစာဖြစ်သည်။

ငါ့ကိုငွေနဲ့ပေါက်မယ့် အန်တီကြီးရောက်လာပြန်ပြီ(Uni&Zawgyi)Where stories live. Discover now