Chapter - 44

5.2K 1K 38
                                    

[Unicode]

{အမဲနံရိုးကင်}

လင်ရှုယီနိုးလာချိန်တွင် သူတို့ရောက်ပြီဖြစ်၏။

ရှန်ဖူက ကားကိုရပ်ကာ လင်ရှုယီရဲ့ထိုင်ခုံခါးပတ်ကိုဖြုတ်ပေးရန် ငုံ့ကိုင်းလိုက်သည်။ သူတို့တွေက နီးကပ်လွန်းနေတာမို့ လင်ရှုယီ ခေါင်းလှည့်လိုက်ချိန်၌ သူ့နှုတ်ခမ်းပါးတွေက ရှန်ဖူ့ရဲ့ပါးပြင်ကို ပွတ်တိုက်သွားသည်။

သူ့နှုတ်ခမ်းတွေဖြတ်သွားချိန်မှာ နူးညံ့အေးမြတဲ့အထိအတွေ့တစ်ခုကို ခံစားလိုက်ရသည်။ လင်ရှုယီ ခဏမျှတုန့်ဆိုင်း‌နေမိပြီးနောက် ရှန်ဖူ ခေါင်းမော့လာသည်ကို တွေ့လိုက်ရ၏။ တစ်ချိန်က သူ့ကို တယန်ဘုရင်မင်းမြတ် ချီးမြှင့်ခဲ့သည့် အနကခရောင်ကျောက်မြတ်နှင့်ဆင်တူသည့် ပိတုန်း‌ရောင်မျက်ဝန်းတွေထဲမှာ လူတွေကို စုပ်ယူမြိုချချင်နေသည့် ခပ်နက်နက်အလင်းတန်းတစ်ခု ရှိနေသယောင်။ သူ့နှလုံးခုန်သံတွေက ရုတ်တရက်ကြီးမြန်ဆန်လို့လာ၏။ သူ အနည်းငယ်ထူးဆန်းနေတာကို သတိထားမိပြီးနောက်မှာ လင်ရှုယီရဲ့မျက်နှာက နီရဲသွားသည်။

"ပြီးပြီလား?"

ဒါက မတော်တဆဆိုတာ ရှန်ဖူသိသော်လည်း မသိမသာနီနေတဲ့ လင်ရှုယီရဲ့နားရွက်လေးတွေက သူ ထရပ်လိုက်ဖို့တွန့်ဆုတ်နေတာကို ဖုံးကွယ်ဖို့ သူ့ကိုယ်သူ လင်ရှုယီကိုယ်ပေါ်ကို ပျော်ပျော်ရွှင်ရွှင်လှဲချလိုက်ချင်အောင် ပြုလုပ်လို့နေ၏။ ထိတွေ့မှုသေးသေးလေးနဲ့တောင် ရှက်‌နေတတ်သည့်လင်ရှုယီကို မြင်တွေ့ရဖို့က ရှားပါးလွန်းသည်။ လင်ရှုယီက အရမ်းကိုဖြူစင်လွန်းသည်။ ဒါက ကျေနပ်ဖို့ကောင်းလွန်းတဲ့လက်‌ဆောင်မွန်တစ်ခုပင်။

ရှန်ဖူက တမင်တကာပင် အသံတိုးကာ လင်ရှုယီရဲ့နားနားကပ်ကာ တီးတိုးဆို၏။

"ကိုယ်တို့ ရောက်ပြီ။ ကိုယ့်သူငယ်ချင်းလည်း ရောက်နေပြီ။ မင်း သူ့ကိုတွေ့ချင်လား?"

လင်ရှုယီမှာ အလွန်ကိုမှပင် မသက်မသာခံစားနေရသည်မို့ ရှန်ဖူ ဘာကိုပဲပြောပြော သဘောတူသည့်အနေဖြင့် ခေါင်းကို ယောင်ကန်းကန်းငြိမ့်၏။

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now