Part-13ဘယ်လိုလေးလဲကွာ/ဘယ္လိုေလးလဲကြာ

9.7K 1.5K 4
                                    

Unicode

"ပြောပါဦး ကိုယ်တို့က ရင်းနှီးလို့လား?''

ဇာတ်လိုက်ကျော်ကြီး ပြောချလိုက်မှ ဖူးယာခမျာလည်း အရှိုက်တည့်တည့်ကို fly kick အပေးခံလိုက်ရသလိုပင် ခံစားလိုက်ရသည်။

သေချာပေါက် မရင်းနှီးကြဘူးလေ။ဒါက သေချာပေါက် သူ့ကို ကယ်တင်ပေးလိုက်တဲ့ အတွက်ကြောင့်သာ အခုလို အဖတ်လုပ်ပြီး စကားပြောပေးနေတာ။အလားတူပါဘဲ။စောစောကပင် သူ၏ကွေ့ဟွားကိတ်ကို လုစားထားသည်မို့ မျက်စောင်းတွေရော ဂျိုတွေပါ ပေးထားခဲ့မိလို့ ကိုယ့်အပစ်ကိုယ်သိတဲ့ အနေနဲ့ အလိုက်သထိုက်လေး ဆက်ဆံနေရတာမျိုးဘဲ။

ဖူးယာက နှစ်တစ်သောင်းအမှောင်ညများ ဝတ္ထုကို စဖတ်ခဲ့စဥ်ကတည်းပင် အနှီဇာတ်လိုက်ကျော်ကြီးကို သဘောမတွေ့မိခဲ့တာ။ချင်းလန်ရဲ့ ဥသေးသေးလေးကလည်း ဇာတ်လိုက်ဆိုသည့်အတိုင်း စိတ်ထားကောင်းတာရောနှင့် လူချစ်လူခင် ပေါများတာ တစ်ဖန် ဖြတ်ထိုးဉာဏ်ကောင်းတာနှင့် ပညာတက်တာကအစ ကောင်းချီးတွေ မှန်သမျှကို အနှီဇာတ်လိုက်ကြီးထံသာ ပေးအပ်ထားခဲ့တော့ ဖူးယာက ပို၍ပင် အနှီဇာတ်လိုက်ကြီးကို သဘောမတွေ့ ဖြစ်ခဲ့မိတာ။

ထိုထက်ပိုဆိုးသည်က ကံကောင်းခြင်း အဖျာဖျာကပါ အနှီအခွင့်ထူးခံ ဇာတ်လိုက်ထံကို ခစားနေကြသလိုမျိုး။ဥပမာပြောရလျှင် မိသားစုအချစ်ကဲ့သို့ လိုတိုင်းတ၍ မရနိုင်သည့် ဆုလာဒ်မျိုးကိုပင် တစ်ဦးတည်းသာ အပိုင်သိမ်းယူပစ်ထားခဲ့သူ။

အလှလေးနှင့် ရှုဖုန်းက ဖခင်တစ်ဦးတည်း၏ သားတော်တွေ ဆိုပေမဲ့လည်း အလှလေးခမျာ ကိုယ်လုပ်တော်၏ သားတော်လေးဆိုတော့ ဖခင်၏မျိုးနွယ် ''ရှု''ကိုပင် ယူသုံးခွင့် မရှိ။အဲ့ဒါကြောင့်ဘဲ ရှုဖုန်းနှင့် အလှလေးချင်းလန်ရင်းက မျိုးရိုး နာမမတူသည့် မင်းသားများ ဖြစ်နေရခြင်း။

ရှုဖုန်းက လက်ရှိစုန့်တိုင်းပြည်၏ အိမ်ရှေ့စံဖြစ်နေလျှင်ပင် အလှလေးကတော့ စစ်ပွဲတိုင်းမှာ အသက်စွန့်ကာ ရှေ့တန်းမှ တိုက်ခိုက်ပေးရသည့် အသေခံတပ်သား သာသာလေးပင် ဖြစ်ခဲ့ရှာသည်။သို့ပေမဲ့ ယခုတော့ ဖူးယာက မည်သို့ပင် အနှီရှုဖုန်းကို သဘောမကျခဲ့ဘူး ဆိုစေဦး သူကိုယ်တိုင်က အနှီရှုဖုန်းအား သေချာပေါက်ကို ခယပြီး ကပ်ပေါင်းထားရလိမ့်မည်။

အလှလေးက အထက်ပဂ္ဂိုလ်လား?/အလွေလးက အထက္ပုဂၢိဳလ္လား?(Complete) Tempat cerita menjadi hidup. Temukan sekarang