အိမ့် ငိုယိုကာ အခန်းတံခါးလော့ချပြီး အိပ်ဖို့ပြင်လိုက်သည်
ရင်ထဲမှာ တဆစ်ဆစ်နာကျင်နေသော်လည်း အိမ့် ဒီညတော့ ဘာကိုမှမတွေးဘဲ အိပ်ပျော်အောင်အိပ်လိုက်သည်
မနက်ဖြန်ဆိုလျှင် အိမ့်နဲ့ငယ်ငယ်ကတည်းက ခင်ရတဲ့,မိဘချင်းသဘောတူထားတဲ့ ခက်ဆစ်တစ်ယောက်ကိုသွားကြိုရမည်မလား
သူမ လန်းဆန်းနေဖို့လိုသည်လေ မိဘချင်းမျက်နှာမပျက်ရအောင် သူမစဥ်းစား၍ အိပ်လိုက်သည်နေ့သစ်၏အစ ရောင်နီအစပျိုးလာချိန်
မနက် ၆ခွဲ ၌ ကုတင်ဘေးမှ နှိုးစက်ကလေးမြည်လာပြီ " တီး တီး တီး တီး"
အိမ့် နှိုးစက်ကိုလှမ်းပိတ်လိုက်သည် မထချင်သေးပေမယ့် ထရမည်လေ
သူမ ရေချိုးခန်းထဲဝင်ကာ သွားတိုက် မျက်နှာသစ် ရေမိုးချိုးလိုက်သည်ရေစိုနေသော ဆံပင်များကို တဘက်ဖြင့် သုတ်၍ရေချိုးခန်းထဲမှထွက်လာလိုက်သည်
နာရီကြည့်တော့ ၇နာရီပင်ထိုးနေပြီ
သူမ ကမန်းကတမ်း အဝတ်ဘီဒိုကို ဖွင့်လိုက်သည်
"ဘာဝတ်ရင်ကောင်းမလဲ...."
"ရိုးရိုးလေးပဲကောင်းပါတယ်"
မိုးပြာရောင် ခါးတို လက်ရှည်လေးကို အသားကပ် ဂျင်းဘောင်းဘီရှည်ဖြင့်တွဲဖက်ဝတ်ဆင်လိုက်သည်
ထို့နောက် မျက်ကပ်မှန်တပ်ကာ MKနာရီလေးကိုကောက်ဝတ်ရင်း Channel ရေမွှေးကိုကောက်ဖြန်းလိုက်လေသည်
သူမ ယူစရာရှိတာယူပြီး အောက်ထပ်သို့ဆင်းလာခဲ့သည်
အောက်ထပ်ရောက်တော့ "သမီး မောင်ခက်ဆစ်ရဲ့အိမ်က သူ့ကားကိုယူလာပေးတယ်သမီးရဲ့ သမီးလေး အဲ့ကားကိုမောင်းသွားလိုက်တဲ့ သူအဲ့ကားကိုပဲလာရှာမယ်တဲ့"
"ဟုတ်ကဲ့ ဒါဆိုသမီးသွားလိုက်အုံးမယ်"လေဆိပ်ရောက်တော့ သူမ ကားပါကင်မှာပဲ ကားကိုရပ်ထားလိုက်သည် တအောင့်ကြာတော့
ငွေမင်ရောင် ဆံပင်ဆိုးထားပြီး အမဲရောင်hoodie အမဲရောင်style pant all blackဖြင့်ကားတံခါးကိုလာ
ဖွင့်သော ကောင်လေးတစ်ယောက်
" မ...... ဟာ မ ကအရင်အတိုင်းပဲ အရပ်ကလည်းအရင်လိုအရှည်ကြီးပါပဲလား"
"hey Johnny!ဘယ်လိုလဲ အခြေအနေ ရင့်ကျက်လာရဲ့လား အရင်လိုပေါတောတောပဲလား"
"မ ကလည်းဗျာ အဆင်ပြေပါတယ် ရင့်ကျက်သင့်သလောက်ရင့်ကျက်လာပါတယ်နော် မ အပေါ်ကိုတော့ အရင်လိုပဲဆိုးမှာပဲ ဟွန့်"
နှုတ်ခမ်းလေးစူကာပြောရင်းဆိုရင်းဖြင့် ခက်ဆစ်တစ်ယောက် ကားပေါ်ဝင်ထိုင်လိုက်သည်
"Johnny မမ အခုတစ်ခုခုစားချင်တယ် နောက်ပြီး Johnny ပင်ပန်းမှာသိပေမယ့် ဒီနေ့တစ်ရက်လုံး မမ
သွားချင်တဲ့နေရာတွေလိုက်ခဲ့ပါလား တစ်ယောက်တည်း မသွားချင်လို့ပါ လိုက်ပေးနိုင်မလား"
"ရတာပေါ့ မ ရဲ့ Johnny ကရန်ကုန်မရောက်တာကြာပြီလေ လည်ချင်တာနဲ့အတော်ပဲ သွားမယ်လေ အခုတော့ ကျွန်တော်လည်းဗိုက်ဆာတယ်ဗျ တစ်ဆိုင်ဆိုင်မှာ ဝင်စားတာပေါ့"
"ဟုတ်ပါပြီရှင့် ဟုတ်ပါပြီ သွားကြတာပေါ့"
YOU ARE READING
မင်းနဲ့တွေ့မှ
Romanceမင်းနဲ့တွေ့မှ .... မင်းနဲ့တွေ့မှ ချစ်တတ်သွားတဲ့ ကိုယ့်ကိုတစ်ယောက်တည်းမထားခဲ့ပါနဲ့ ကလေးရယ် ~~စိုင်း~~ စိုင်းသာ လက်ခံရင် အိမ့်အတွက်က ဘာနဲ့ပဲရင်ဆိုင်ရ ရင်ဆိုင်ရဲပါတယ် စိုင်းရယ် ~~အိမ့်~~ မောင့်ကိုတကယ်မချစ်ဘဲ မောင့်ရင်ခွင်ထဲမလာပါနဲ့ မ ရယ် ~~ခက်ဆစ...